လေဆာစနစ်ဖြင့် လေကြောင်းရန်ကာကွယ်ရေးခေတ်ကို ပြောင်းလဲ

Jerusalem Post သတင်းစာပါ ဆောင်းပါရှင် Anna Ahronheim ရဲ့ ရေးသား ဖော်ပြချက်အရ Lockheed Martin နဲ့ Rafael Advanced Defense Systems
တို့ဟာ မြေပြင်အခြေစိုက်လေဆာလက်နက်စနစ်တစ်မျိုးကို တီထွင်ထုတ်လုပ် ကြတော့မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ အမေရိကန်တပ်မတော်အတွက် မြေပြင်အခြေစိုက် လေဆာလက်နက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ နည်းပညာဆိုင်ရာအကောင်အထည်ဖော်မှုတွေကိုစူးစမ်းလေ့လာသွားမယ်လို့ ဆိုပါတယ်။

လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ပတ်သက်လို့ နာမည်ကျော်စနစ်တစ်ခု ဖြစ်တဲ့ Iron Dome စနစ်ဟာ ငွေကုန်ကြေးကျများလွန်တာကြောင့် လေဆာစနစ်ကိုသာ အသုံးပြုခြင်းအားဖြင့်

ကုန်ကျစရိတ်သက်သာပြီး များစွာ ထိရောက်မှုရှိစေမှာဖြစ်တဲ့အပြင် တာဝေးကနေခြိမ်းခြောက်မှုတွေကို အမြင့် အတော်များများကတည်းကနေ ပစ်ချတာတွေ၊

ရာသီဥတုမျိုးစုံမှာလည်း အသုံးချနိုင်တာတွေ၊ ကျယ်ပြန့်စွာ ကာကွယ်နိုင်စွမ်းအစရှိတာတွေကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်၊

Be the first to comment on "လေဆာစနစ်ဖြင့် လေကြောင်းရန်ကာကွယ်ရေးခေတ်ကို ပြောင်းလဲ"

Leave a comment

Your email address will not be published.


*