အသက္ ၁၀ ႏွစ္အ႐ြယ္သာရွိေသးတဲ့ Pavel အမည္ရွိအခုေကာင္ေလးဟာ အိမ္ေျခမဲ့ ေခြးေလးေတြအတြက္ သူကိုယ္တိုင္ေရဆြဲထားတဲ့ေရေဆးပန္းခ်ီေတြကို ေရာင္းခ်ရင္း ရန္ပုံေငြရွာခဲ့ၿပီး ၎မွ ရရွိတဲ့ေငြေတြကို အိမ္ေျခမဲ့တိရိစာၦန္ေလးေတြအတြက္ အစားအစာ ၊ ေဆးဝါး ႏွင့္ အျခားလိုအပ္တဲ့ပစၥည္းေတြဝယ္ယူခဲ့ပါတယ္။
သူ႔ရဲ႕foundation ဟာ တစ္ႏွစ္အတြင္း ေခြးေဂဟာအတြက္ အစားအေသာက္ေပါင္း တန္ ၃ တန္ ေက်ာ္လႉဒါန္းႏိုင္ခဲ့ပါတယ္။Pavel ရဲ႕အလုပ္က ေခြးေလးေတြကိုၿမိဳ႕ျပႀကီးမွာ ခိုလႈံခြင့္ေပးေစခဲ့ပါတယ္။
ဒါ့အျပင္ မၾကာေသးခင္ကမွ Pavelဟာ သူ႔သူငယ္ခ်င္းေတြနဲ႔အတူတူ အလုပ္လုပ္ႏိုင္ဖို႔ စတူဒီယိုတစ္ခုဖြင့္ခဲ့ၿပီး ၎စတူဒီယိုထဲမွာ အိမ္ေျခမဲ့ ေၾကာင္မ်ားစြာကိုလည္း ေမြးထည့္ထားပါေသးတယ္။
လက္ရွိမွာေတာ့ Pavelဟာ သူငယ္ခ်င္းေတြကို ပန္းခ်ီဆြဲသင္ေပးရင္း ေၾကာင္ေလးေတြအတြက္ ပိုင္ရွင္အသစ္ပါရွာေပးေနပါတယ္။ပိုင္ရွင္အသစ္ေတြကိုေစာင့္ေနတဲ့ ေၾကာင္ေလးေတြအား ကာကြယ္ေဆးထိုးေပးၿပီး မွတ္ပုံတင္ပါ လုပ္ထားေပးပါေသးတယ္။
အသက္ငယ္ငယ္ေလးနဲ႔ ေရေဆးပန္းခ်ီကို ကြၽမ္းက်င္ပိုင္ႏိုင္စြာဆြဲႏိုင္သလို ၎နဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳႏိုင္တဲ့သူ႔ရဲ႕အရည္အခ်င္းကေတာ့ ခ်ီးက်ဴးဂုဏ္ယူစရာပါဘဲ။
Mia (Mckzone Daily)
Unicode;
အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ Pavel အမည်ရှိအခုကောင်လေးဟာ အိမ်ခြေမဲ့ ခွေးလေးတွေအတွက် သူကိုယ်တိုင်ရေဆွဲထားတဲ့ရေဆေးပန်းချီတွေကို ရောင်းချရင်း ရန်ပုံငွေရှာခဲ့ပြီး ၎င်းမှ ရရှိတဲ့ငွေတွေကို အိမ်ခြေမဲ့တိရိစ္ဆာန်လေးတွေအတွက် အစားအစာ ၊ ဆေးဝါး နှင့် အခြားလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူခဲ့ပါတယ်။သူ့ရဲ့foundation ဟာ တစ်နှစ်အတွင်း ခွေးဂေဟာအတွက် အစားအသောက်ပေါင်း တန် ၃ တန် ကျော်လှူဒါန်းနိုင်ခဲ့ပါတယ်။
Pavel ရဲ့အလုပ်က ခွေးလေးတွေကိုမြို့ပြကြီးမှာ ခိုလှုံခွင့်ပေးစေခဲ့ပါတယ်။ဒါ့အပြင် မကြာသေးခင်ကမှ Pavelဟာ သူ့သူငယ်ချင်းတွေနဲ့အတူတူ အလုပ်လုပ်နိုင်ဖို့ စတူဒီယိုတစ်ခုဖွင့်ခဲ့ပြီး ၎င်းစတူဒီယိုထဲမှာ အိမ်ခြေမဲ့ ကြောင်များစွာကိုလည်း မွေးထည့်ထားပါသေးတယ်။လက်ရှိမှာတော့ Pavelဟာ သူငယ်ချင်းတွေကို ပန်းချီဆွဲသင်ပေးရင်း ကြောင်လေးတွေအတွက် ပိုင်ရှင်အသစ်ပါရှာပေးနေပါတယ်။ပိုင်ရှင်အသစ်တွေကိုစောင့်နေတဲ့ ကြောင်လေးတွေအား ကာကွယ်ဆေးထိုးပေးပြီး မှတ်ပုံတင်ပါ လုပ်ထားပေးပါသေးတယ်။အသက်ငယ်ငယ်လေးနဲ့ ရေဆေးပန်းချီကို ကျွမ်းကျင်ပိုင်နိုင်စွာဆွဲနိုင်သလို ၎င်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့သူ့ရဲ့အရည်အချင်းကတော့ ချီးကျူးဂုဏ်ယူစရာပါဘဲ။
Mia (Mckzone Daily)
Be the first to comment on "အသက် ၁၀နှစ်အရွယ်ကောင်လေးက အိမ်ခြေမဲ့တိရိစ္ဆာန်လေးတွေအတွက် ပန်းချီဆွဲရင်း ရန်ပုံငွေရှာထောက်ပံ့ပေးနေ"