သဘာဝဘေးဖြစ်ပေါ်မှုကို မကူညီနိုင်သေးဘူးလို့ စ စ်ကောင်စီ လူကယ်ပြန် ဝန်ခံ

မော်လမြိုင်၊ ဇူလိုင် ၂၇

မြန်မာနိုင်ငံရဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အတူ မြစ်ရေ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နေတယ်။

ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေ ကြုံတွေ့နေရတဲ့ ပြည်နယ်တွေမှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ကူညီမှု မရဘဲ ပြည်သူမှ ပြည်သူသို့ အချင်းချင်း ကူညီနေရပါတယ်။

ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးကို Online ကနေ ကျင်းပခဲ့ကြောင်း MRTV ရဲ့ ည ၈ နာရီ သတင်းမှာ ကြေညာသွားခဲ့ပါတယ်။

ဒီအစည်းအဝေးမှာတော့ ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးကို စောလျင်စွာ ကူညီနိုင်ဖို့အတွက် သတင်းအချက်အလက် အမြန်ဆုံး စုဆောင်းကြဖို့ စစ်ကောင်စီ လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် သဘာဝဘေး ဖြစ်ပေါ်နေတဲ့ ပြည်နယ်တွေကို သတင်းအချက်အလက် ရတာနဲ့ အမြန်ဆုံး ကူညီပေးဖို့အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ ရေးဆွဲကြဖို့ ဒေါက်တာ သက်သက်ခိုင်က မှာကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ရေကြီးရေလျှံတာနဲ့ မြေပြိုတာ ခံစားနေရတဲ့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ကူညီပံ့ပို့မှု တစ်စုံတစ်ရာ ရရှိခြင်း မရှိသေးပါဘူး။

သတင်းအရင်းမြစ် – သံလွင်တိုင်းမ်

————-

သဘာဝေဘးျဖစ္ေပၚမႈကို မကူညီႏိုင္ေသးဘူးလို႔ စစ္ေကာင္စီ လူကယ္ျပန္ ဝန္ခံ

ေမာ္လၿမိဳင္၊ ဇူလိုင္ ၂၇

ျမန္မာႏိုင္ငံရဲ႕ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္တို႔မွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈနဲ႔ အတူ ျမစ္ေရ ဆက္တိုက္ျမင့္တက္လာတဲ့အတြက္ေၾကာင့္ ေရႀကီးေရလွ်ံတာနဲ႔ ေျမၿပိဳတာေတြ ျဖစ္ေပၚေနတယ္။

ေရႀကီးေရလွ်ံတာနဲ႔ ေျမၿပိဳမႈေတြ ႀကဳံေတြ႕ေနရတဲ့ ျပည္နယ္ေတြမွာေတာ့ အာဏာသိမ္း စစ္ေကာင္စီရဲ႕ ကူညီမႈ မရဘဲ ျပည္သူမွ ျပည္သူသို႔ အခ်င္းခ်င္း ကူညီေနရပါတယ္။

ဒီကေန႔ ဇူလိုင္ ၂၇ ရက္ေန႔မွာေတာ့ အာဏာသိမ္း စစ္ေကာင္စီရဲ႕ လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးနဲ႔ ျပန္လည္ ေနရာခ်ထားေရး ဝန္ႀကီးဌာန အစည္းအေဝးကို Online ကေန က်င္းပခဲ့ေၾကာင္း MRTV ရဲ႕ ည ၈ နာရီ သတင္းမွာ ေၾကညာသြားခဲ့ပါတယ္။

ဒီအစည္းအေဝးမွာေတာ့ ျပည္နယ္ေတြမွာ ျဖစ္ေပၚေနတဲ့ သဘာဝေဘးကို ေစာလ်င္စြာ ကူညီႏိုင္ဖို႔အတြက္ သတင္းအခ်က္အလက္ အျမန္ဆုံး စုေဆာင္းၾကဖို႔ စစ္ေကာင္စီ လူကယ္ျပန္ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာ သက္သက္ခိုင္က တိုက္တြန္းခဲ့ပါတယ္။

ဒါအျပင္ သဘာဝေဘး ျဖစ္ေပၚေနတဲ့ ျပည္နယ္ေတြကို သတင္းအခ်က္အလက္ ရတာနဲ႔ အျမန္ဆုံး ကူညီေပးဖို႔အတြက္ ေကာင္းမြန္တဲ့ အစီအစဥ္ေတြ ေရးဆြဲၾကဖို႔ ေဒါက္တာ သက္သက္ခိုင္က မွာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ေရႀကီးေရလွ်ံတာနဲ႔ ေျမၿပိဳတာ ခံစားေနရတဲ့ ျပည္သူေတြဟာ စစ္ေကာင္စီရဲ႕ ကူညီပံ့ပို႔မႈ တစ္စုံတစ္ရာ ရရွိျခင္း မရွိေသးပါဘူး။

သတင္းအရင္းျမစ္ – သံလြင္တိုင္းမ္

Be the first to comment on "သဘာဝဘေးဖြစ်ပေါ်မှုကို မကူညီနိုင်သေးဘူးလို့ စ စ်ကောင်စီ လူကယ်ပြန် ဝန်ခံ"

Leave a comment

Your email address will not be published.


*