အစုံမထႏိုင္ေသးခ်ိန္မွာ တိုက္ေနတဲ့ေနရာကို အားျဖည့္ၿပီးနယ္‌ေျမရ‌‌ေအာင္ တိုက္တာလည္းဗ်ဴဟာတခုပဲ

အခုချိန်သင်တန်းဆင်းပြီးတဲ့ အင်ယူဂျီရဲ့ ပီဒီအက်ဖ်တွေ ချင်းပြည်ကို ကူနိုင်ရင်ကောင်းမယ်။ အစုံမထနိုင်ရင်တိုက်နေတဲ့နေရာကိုအားဖြည့်ပြီးနယ်‌မြေရ‌‌အောင်တိုက်တာလည်းဗျူဟာတခုပဲ။

တကယ်လည်းအစုံထတာထက်ထတဲ့နေရာတွေမှာညှပ်ပြီးအပြုတ်ဆော်တာကရန်သူကိုပိုချိနဲ့စေမယ်ထင်တယ်။အရင်တုန်းကပြောဖူးသလိုပဲ တရုတ်နဲ့ထိုင်းကစကစနဲ့ပနံသင့်နေတော့ အိန္ဒိယဘက်ထွက်ပေါက်ရှိတဲ့ချင်းပြည်နယ်ဟာမဟာဗျူဟာကျတဲ့ဒေသပါ။

အနောက်ဘက်မှာအေအေကထောက်ထားပြီးသားမို့စစ်ကူလာမယ့်လမ်းကြောင်းတွေကို ကလေးကဘော်‌ဒေသနဲ့ယောဒေသကမဟာမိတ်‌ကာကွယ်‌ရေးတပ်‌တွေကတဆင့်ဖြတ်တောက်ပစ်နိုင်တယ်။ စကစကသူတို့ထုံးစံအတိုင်းကျီမီးရှို့ဖို့လေယာဉ်သုံးလာမယ်ဆိုရင်လည်း ထူထပ်လှတဲ့တောတောင်တွေနဲ့မြူဆိုင်းမှိုင်းအုံ့နေတဲ့ချင်းတောင်ရဲ့မိုးရာသီသဘာဝကအတိုင်းအတာတခုအထိအကာအကွယ်ပေးထားနိုင်တယ်။

ကရင်ဘက်ခြမ်းကတော့လာဖို့ခက်နိုင်ပေမယ့် ကချင်ဘက်ကသင်တန်းဆင်းpdfတွေကလာလို့ရပါတယ်။

အခုအတိုင်းဆိုကြာလာရင်မင်းတပ်၊ကန်ပက်လက်ဟာချုံးချုံးကျဖို့ပဲရှိတယ်။ အခုစခတအုပ်က၊ ကန်ပက်လက်အနောက်ရိုးမဘက်ခြမ်းကိုခြေလျင်နဲ့တက်ပြီး သူတို့လက်လွှတ်ထားရတဲ့မကွီအိမ်နူးရဲတပ်ရင်းဘက်ကိုသွားနေပြီ။

ဒေသခံလူငယ်တွေနဲ့ထိပ်တိုက်တိုးမှာသေချာတယ်။ ပြည်မမှာအောက်ဆီဂျင်ကိစ္စနဲ့ တော်လှန်ရေးဘက်အာရုံနဲနေတဲ့အချိန်မှာ သတ္တိရှိစွာတော်လှန်နေတဲ့မင်းတပ်ဟာတပ်ရင်းခြောက်ခု၊စစ်မျက်နှာစုံကနေ စကစရဲ့ထိုးစစ်ဆင်မှုတွေကို ရိုးရာတူမီးနဲ့ပဲခုခံနေရတဲ့အဖြစ်ပါ။

အားတော့နာပါရဲ့။ကျနော်တို့‌လူငယ်လေးတွေပေးဆပ်ရတာများနေပြီ။ ဆုံးရှုံးတာများနေပြီ။ ဒါတွေပြောပြီးကျနော်ဇာတ်နာပြနေတာမဟုတ်ဘူး။ ဒါကလမ်းမရှိတော့တဲ့အဆုံးကျနော်တို့ကိုယ်တိုင်‌နောက်ဆုံးရွေးချယ်ခဲ့တဲ့ကိစ္စပါ။ဒါပေမယ့်ဒါကအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအတွက်ဖြစ်တယ်။

ကျနော်တို့ပေးဆပ်ရတာတွေအတွက်မရှုံးချင်လို့ဖြစ်တယ်။ ကရင်တွေ၊ကချင်တွေနှစ်ပေါင်းခြောက်ဆယ်ကျော်တိုက်ခဲ့တယ်။ မကူလို့ပါဆိုပြီးပြည်မကလူတွေကိုဇာတ်နာမပြခဲ့ဘူး။ ဒါပေမယ့် မတူဘူး။ ကျနော်တို့ကအခုမှ မခံနိုင်လွန်းလို့ရရာလက်နက်နဲ့လူငယ်လေးတွေကတော်လှန်နေရတာ။

အားလုံးရဲ့အားတွေပံ့ပိုးမှုတွေကျနော်တို့လိုတယ်။ အထူးသဖြင့်သူသေကိုယ်သေပြန်ဆော်ဖို့လက်နက်တွေလိုပါတယ်။ တိုက်ရဲသေရဲတဲ့မဟာမိတ်ရဲဘော်တွေလိုပါတယ်။

မင်းတပ်ရှုံးရင်ချင်းပြည်နယ်ရှုံးတာပဲ။ တပြည်လုံးရဲ့တော်လှန်ရေးစိတ်ဓာတ်ဦးကျိုးတာပဲ။ ဒါကြောင့်လည်းစကစဟာမင်းတပ်ကိုအသည်းအသန်တိုက်နေတာ။

ဒါကိုNUGကလည်းနားလည်နေဖို့လိုတယ်။ လေလှိုင်းအစိုးရသက်သက်နဲ့ဘာမလုပ်လို့မရဘူး။ သူတို့ကိုယ်တိုင်လက်နက်ကိုင်တော်လှန်ရေးကိုလည်းတဖက်မှာရွေးချယ်ပြီးသားမဟုတ်လား။ သမိုင်းမှာနယ်မြေစိုးမိုးမှုမရှိ၊ခြေဉစည်းနှောင်မှုမရှိပဲနိုင်ငံတကာအသိအမှတ်ပြုတဲ့အစိုးရဆိုတာမရှိဘူး။
လက်နက်ကိုင်ထားတဲ့အစုအဖွဲ့ကိုတရားဝင်မှုပါဝါတခုတည်းနဲ့ဘယ်လိုမှမနိုင်ပါ။

ဒါကိုလူကြီးတွေသိပါတယ်။အလုံးစုံပြည့်စုံတဲ့စစ်တပ်ဆိုတာထိုင်စောင့်နေရင်းဖြစ်လာမှာမဟုတ်ဘူး။ တိုက်ရင်းခိုက်ရင်းသင်ယူရင်းပဲအရည်အသွေးတွေတက်လာမယ်၊နယ်မြေစိုးမိုးမှုရလာမယ်။ဒီလိုနည်းနဲ့သာပြည်တွင်းမှာတော်လှန်ရေးအရွေ့ကိုအရှိန်မပျက်ရွေ့နေရပါမယ်။

ဒါ့ကြောင့်ဒါကြောင့်လက်ရှိအချိန်မှာ ရှိပြီးသား ပီဒီအက်ဖ်တွေကိုလက်နက်ငယ်တွေတပ်ဆင်ပြီးတော်လှန်ရေးကို ဒီထက်ပိုအားစိုက်သင့်ပြီဖြစ်ပါတယ်။

သင်တန်းတက်ပြီးဘာဆက်လုပ်ရမှန်းမသိတဲ့အင်အားစုတွေကိုလိုက်စုပြီး တကယ်တိုက်နေတဲ့ကရင်နီနဲ့ခချင်းပြည်ကိုကူသင့်တယ်။

Hornbill Seven

——–

အခုခ်ိန္သင္တန္းဆင္းၿပီးတဲ့ အင္ယူဂ်ီရဲ႕ ပီဒီအက္ဖ္တြခ်င္းျပည္ကိုကူႏိုင္ရင္ေကာင္းမယ္။ အစုံမထႏိုင္ရင္တိုက္ေနတဲ့ေနရာကိုအားျဖည့္ၿပီးနယ္‌ေျမရ‌‌ေအာင္တိုက္တာလည္းဗ်ဴဟာတခုပဲ။

တကယ္လည္းအစုံထတာထက္ထတဲ့ေနရာေတြမွာညႇပ္ၿပီးအျပဳတ္ေဆာ္တာကရန္သူကိုပိုခ်ိနဲ႔ေစမယ္ထင္တယ္။အရင္တုန္းကေျပာဖူးသလိုပဲ တ႐ုတ္နဲ႔ထိုင္းကစကစနဲ႔ပနံသင့္ေနေတာ့ အိႏၵိယဘက္ထြက္ေပါက္ရွိတဲ့ခ်င္းျပည္နယ္ဟာမဟာဗ်ဴဟာက်တဲ့ေဒသပါ။

အေနာက္ဘက္မွာေအေအကေထာက္ထားၿပီးသားမို႔စစ္ကူလာမယ့္လမ္းေၾကာင္းေတြကို ကေလးကေဘာ္‌ေဒသနဲ႔ေယာေဒသကမဟာမိတ္‌ကာကြယ္‌ေရးတပ္‌ေတြကတဆင့္ျဖတ္ေတာက္ပစ္ႏိုင္တယ္။ စကစကသူတို႔ထုံးစံအတိုင္းက်ီမီးရႈိ႕ဖို႔ေလယာဥ္သုံးလာမယ္ဆိုရင္လည္း ထူထပ္လွတဲ့ေတာေတာင္ေတြနဲ႔ျမဴဆိုင္းမႈိင္းအုံ႔ေနတဲ့ခ်င္းေတာင္ရဲ႕မိုးရာသီသဘာဝကအတိုင္းအတာတခုအထိအကာအကြယ္ေပးထားႏိုင္တယ္။

ကရင္ဘက္ျခမ္းကေတာ့လာဖို႔ခက္ႏိုင္ေပမယ့္ ကခ်င္ဘက္ကသင္တန္းဆင္းpdfေတြကလာလို႔ရပါတယ္။

အခုအတိုင္းဆိုၾကာလာရင္မင္းတပ္၊ကန္ပက္လက္ဟာခ်ဳံးခ်ဳံးက်ဖို႔ပဲရွိတယ္။ အခုစခတအုပ္က၊ ကန္ပက္လက္အေနာက္႐ိုးမဘက္ျခမ္းကိုေျခလ်င္နဲ႔တက္ၿပီး သူတို႔လက္လႊတ္ထားရတဲ့မကြီအိမ္ႏူးရဲတပ္ရင္းဘက္ကိုသြားေနၿပီ။

ေဒသခံလူငယ္ေတြနဲ႔ထိပ္တိုက္တိုးမွာေသခ်ာတယ္။ ျပည္မမွာေအာက္ဆီဂ်င္ကိစၥနဲ႔ ေတာ္လွန္ေရးဘက္အာ႐ုံနဲေနတဲ့အခ်ိန္မွာ သတၱိရွိစြာေတာ္လွန္ေနတဲ့မင္းတပ္ဟာတပ္ရင္းေျခာက္ခု၊စစ္မ်က္ႏွာစုံကေန စကစရဲ႕ထိုးစစ္ဆင္မႈေတြကို ႐ိုးရာတူမီးနဲ႔ပဲခုခံေနရတဲ့အျဖစ္ပါ။

အားေတာ့နာပါရဲ႕။က်ေနာ္တို႔‌လူငယ္ေလးေတြေပးဆပ္ရတာမ်ားေနၿပီ။ ဆုံးရႈံးတာမ်ားေနၿပီ။ ဒါေတြေျပာၿပီးက်ေနာ္ဇာတ္နာျပေနတာမဟုတ္ဘူး။ ဒါကလမ္းမရွိေတာ့တဲ့အဆုံးက်ေနာ္တို႔ကိုယ္တိုင္‌ေနာက္ဆုံးေ႐ြးခ်ယ္ခဲ့တဲ့ကိစၥပါ။ဒါေပမယ့္ဒါကအနာဂတ္ဖက္ဒရယ္ဒီမိုကေရစီအတြက္ျဖစ္တယ္။

က်ေနာ္တို႔ေပးဆပ္ရတာေတြအတြက္မရႈံးခ်င္လို႔ျဖစ္တယ္။ ကရင္ေတြ၊ကခ်င္ေတြႏွစ္ေပါင္းေျခာက္ဆယ္ေက်ာ္တိုက္ခဲ့တယ္။ မကူလို႔ပါဆိုၿပီးျပည္မကလူေတြကိုဇာတ္နာမျပခဲ့ဘူး။ ဒါေပမယ့္ မတူဘူး။ က်ေနာ္တို႔ကအခုမွ မခံႏိုင္လြန္းလို႔ရရာလက္နက္နဲ႔လူငယ္ေလးေတြကေတာ္လွန္ေနရတာ။

အားလုံးရဲ႕အားေတြပံ့ပိုးမႈေတြက်ေနာ္တို႔လိုတယ္။ အထူးသျဖင့္သူေသကိုယ္ေသျပန္ေဆာ္ဖို႔လက္နက္ေတြလိုပါတယ္။ တိုက္ရဲေသရဲတဲ့မဟာမိတ္ရဲေဘာ္ေတြလိုပါတယ္။

မင္းတပ္ရႈံးရင္ခ်င္းျပည္နယ္ရႈံးတာပဲ။ တျပည္လုံးရဲ႕ေတာ္လွန္ေရးစိတ္ဓာတ္ဦးက်ိဳးတာပဲ။ ဒါေၾကာင့္လည္းစကစဟာမင္းတပ္ကိုအသည္းအသန္တိုက္ေနတာ။

ဒါကိုNUGကလည္းနားလည္ေနဖို႔လိုတယ္။ ေလလႈိင္းအစိုးရသက္သက္နဲ႔ဘာမလုပ္လို႔မရဘူး။ သူတို႔ကိုယ္တိုင္လက္နက္ကိုင္ေတာ္လွန္ေရးကိုလည္းတဖက္မွာေ႐ြးခ်ယ္ၿပီးသားမဟုတ္လား။ သမိုင္းမွာနယ္ေျမစိုးမိုးမႈမရွိ၊ေျခဉစည္းေႏွာင္မႈမရွိပဲႏိုင္ငံတကာအသိအမွတ္ျပဳတဲ့အစိုးရဆိုတာမရွိဘူး။
လက္နက္ကိုင္ထားတဲ့အစုအဖြဲ႕ကိုတရားဝင္မႈပါဝါတခုတည္းနဲ႔ဘယ္လိုမွမႏိုင္ပါ။

ဒါကိုလူႀကီးေတြသိပါတယ္။အလုံးစုံျပည့္စုံတဲ့စစ္တပ္ဆိုတာထိုင္ေစာင့္ေနရင္းျဖစ္လာမွာမဟုတ္ဘူး။ တိုက္ရင္းခိုက္ရင္းသင္ယူရင္းပဲအရည္အေသြးေတြတက္လာမယ္၊နယ္ေျမစိုးမိုးမႈရလာမယ္။ဒီလိုနည္းနဲ႔သာျပည္တြင္းမွာေတာ္လွန္ေရးအေ႐ြ႕ကိုအရွိန္မပ်က္ေ႐ြ႕ေနရပါမယ္။

ဒါ့ေၾကာင့္ဒါေၾကာင့္လက္ရွိအခ်ိန္မွာ ရွိၿပီးသား ပီဒီအက္ဖ္ေတြကိုလက္နက္ငယ္ေတြတပ္ဆင္ၿပီးေတာ္လွန္ေရးကို ဒီထက္ပိုအားစိုက္သင့္ၿပီျဖစ္ပါတယ္။

သင္တန္းတက္ၿပီးဘာဆက္လုပ္ရမွန္းမသိတဲ့အင္အားစုေတြကိုလိုက္စုၿပီး တကယ္တိုက္ေနတဲ့ကရင္နီနဲ႔ခခ်င္းျပည္ကိုကူသင့္တယ္။

Hornbill Seven

Be the first to comment on "အစုံမထႏိုင္ေသးခ်ိန္မွာ တိုက္ေနတဲ့ေနရာကို အားျဖည့္ၿပီးနယ္‌ေျမရ‌‌ေအာင္ တိုက္တာလည္းဗ်ဴဟာတခုပဲ"

Leave a comment

Your email address will not be published.


*