တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ၂ ပွဲဆက် ရှုံးသွားတဲ့ သက်ထားသူဇာ

တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ၂ ပွဲဆက် ရှုံးသွားတဲ့ သက်ထားသူဇာ

တိုကျိုမြို့ Musashino Forest Sports Plaza မှာ ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ တိုကျိုအိုလံပစ် အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲမှာတော့

မြန်မာက သက်ထားသူဇာဟာ ပြိုင်ဘက် ဘယ်လ်ဂျီယံ ကြက်တောင်မယ် လိုင်နီတန်ကို (၂၁-၆၊ ၂၁-၈)တို့နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

(ဓာတ်ပုံ -အေအက်ဖ်ပီ)

သက်ထားသူဇာဟာ ဇူလိုင် ၂၅ ရက်နေ့ကလည်း အင်ဒိုနီရှားက Grogoria Mariska Tunjung ကို နှစ်ပွဲပြတ်အရေးနိမ့်ခဲ့တာပါ။

တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အားကစားသမား နှစ်ဦး သွားရောက်ယှဉ်ပြိုင်တယ်လို့ သိရပါတယ်။

————-



(ဓာတ်ပုံ -အေအက်ဖ်ပီ)



Be the first to comment on "တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ၂ ပွဲဆက် ရှုံးသွားတဲ့ သက်ထားသူဇာ"

Leave a comment

Your email address will not be published.


*