ကိုဗစ်နဲ့မသေပဲ သွေးထွက်လွန်ပီး သေနိုင်တယ်ဆိုတာ …သိဖို့

Enoxaparin ဆိုတာ Low Molecular Weight Heprin ဖြစ်ပါတယ် ..သွေးကျဲဆေးပါ ထပ်ပြောပါမယ် သွေးကျဲဆေးပါ …အရပ်ထဲမှာ ဝယ်ပြီး ထိုးချင်တိုင်းထိုးလို့ရတဲ့ဆေး မဟုတ်ပါ

လမ်းဘေးဆေးမဟုတ်ပါ …ကျွန်တော်တို့က ကိုဗစ်ကုသမှုမှာ Enoxa ကို အခြေအနေအရ အသုံးပြုရတဲ့အချိန်တွေရှိပါတယ် …CRP လို့ခေါ်တဲ့ ကောင် အရမ်းတက်နေရင် D-Dimer တက်နေရင် ထိုးပါတယ်

ဘာ့ကြောင့်ဆို ကိုဗစ်မှာ သွေးခဲတတ်တော့ အဆုပ်ထဲမှာရှိတဲ့ လေအိတ်လေးတွေကို သွေးခဲပိတ်တာမျိုးဖြစ်တဲ့အခါ O2 တက်မလာတတ်တာကြောင့်ပါ ဒါက သာမန်လူနားလည်အောင် အလွယ်ရှင်းပြတာပါ …တကယ့် Pathophysiology က ခုပြောတာထက် အများကြီးရှုပ်ပါတယ်

နောက်ပြီး အပေါ်ကပြောတဲ့ဟာတွေ တက်နေပါစေဦး အဲ့ဒီလူမှာ သွေးမတိတ်တဲ့ရောဂါရှိနေရင် ဦးနှောက်သွေးယိုစိမ့်ဖူးတာမျိုး တစ်နှစ်အတွင်း ကြုံဖူးရင် Aspirin လို Clopilet လိုဆေးတွေသောက်နေရရင် ထိုးလို့မရသလို ထိုးဖို့ Risk and Benefit ကို အသေအချာတွက်ချက်ရပါသေးတယ်

အဲ့တော့ အနှစ်ချုပ်ရရင် အဲ့ဆေး Enoxa ထိုးလို့ O2 ပြန်တက်လာတာမဟုတ်ပါ သူက ကိုဗစ်ကုသမှုရဲ့ အစိတ်အပိုင်းသေးလေးတစ်ခုပါပဲ …ကံဆိုးရင် O2 တက်မလာတဲ့အပြင် ရှိသမျှ ဒွါရအပေါက်တွေကနေ သွေးယိုစီးပြီး ကိုဗစ်နဲ့မသေပဲသွေးထွက်လွန်ပီး သေနိုင်တယ်ဆိုတာကို ဖေ့စ်ဘုတ်ပေါ်မှ ဆရာဝန်မဟုတ်သော ကိုယ်တွေ့ကိုဗစ်ဆရာကြီးများအား သတိပေးလိုက်ပါတယ်နော်

မလိုအပ်ပဲမဝယ်ခြင်းဖြင့်လိုအပ်သူများရရှိနိုင်ကြပါစေ …crd Tha zin

———–







Be the first to comment on "ကိုဗစ်နဲ့မသေပဲ သွေးထွက်လွန်ပီး သေနိုင်တယ်ဆိုတာ …သိဖို့"

Leave a comment

Your email address will not be published.


*