တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂန်စုက ရှေးဟောင်း မို့ကောင်းလိုဏ်ဂူတွေ တည်ရှိရာ တန်းဟွမ်မြို့မှာ ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီလောက်က ပြင်းထန်တဲ့ သဲမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။
မီတာ ၁၀၀ လောက်မြင့်တဲ့ တံတိုင်းနဲ့တူတဲ့ သဲမုန်တိုင်းဟာ မြောက်ဘက်ကနေ တောင်ဘက်ကို တိုက်ခတ်ခဲ့ပြိး မိနစ်ပိုင်းအတွင်းမှာ အဝေးပြေးလမ်းကို ဖုံးလွှမ်းသွားပါတယ်။
ကောင်းကင်ကလည်း အဝါရောင် ပြောင်းလဲသွားသလို မြင်နိုင်စွမ်းကလည်း ၅ မီတာအောက် လျော့နည်းပါတယ်။
ဒေသခံ ယာဉ်ထိန်းရဲတွေက တိုးဂိတ်တွေမှာ ယာဉ်ကြောကို ထိန်းချုပ်ပေးခဲ့ပြီး သောင်တင်နေတဲ့ ကားတွေကို အဝေးပြေးလမ်းကနေခွာပြီး ဝန်ဆောင်မှုပေးတဲ့နေရာတွေမှာ ရပ်ခိုင်းလိုက်ရပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေး မြို့တော် ရှန်ဟိုင်းနဲ့ အနားက ကမ်းရိုးတန်းဒေသတွေမှာတော့ ဇူလိုင် ၂၅ ရက်မှာ တိုင်ဖွန်းမုန်တိုင်း အင်ဖှာက ကုန်းတွင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ လေကြောင်းခရီးစဉ် အားလုံးကို ဖျက်သိမ်းထားရပါတယ်။
မြေအောက်ရထားတွေကိုလည်း ပြေးဆွဲတာ ဆိုင်းငံ့ထားသလို မြို့တွင်း စီးပွားရေး လုပ်ငန်းတွေကိုလည်း ပိတ်သိမ်းထားရပါတယ်။
မုန်တိုင်းဟာ ကျဲ့ကျန်းပြည်နယ်ရဲ့ အဓိကဆိပ်ကမ်းမြို့ ကျိုးရှန်းရဲ့ ပူတူအိုခရိုင်ကနေ တနင်္ဂနွေ မွန်းလွဲပိုင်းမှာ ကုန်းတွင်းဝင်ခဲ့တာလို့ အစိုးရရုပ်သံ စီစီတီဗီက ထုတ်လွှင့်ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ရေဘေးကနေ ရွာသားတွေကို အသက်ကယ်လှေတွေနဲ့ ကယ်ထုတ်နေပုံကိုလည်း ပြသပါတယ်။
မုန်တိုင်းဟာ ၁ နာရီ ၈၅ မိုင် လေတိုက်နှုန်းနဲ့ တိုက်ခတ်ခဲ့တယ်လို့ မိုးလေဝသ စီမံခန့်ခွဲရေးရုံးက ပြောပါတယ်။
ကျဲ့ကျန်း ကမ်းရိုးတန်းတလျှောက် မြောက်ဘက်ကို ဆက်လက်တိုက်ခတ်ခဲ့လို့ ရှန်ဟိုင်းမြို့ကို ဖြတ်သန်းပြီး ညနေပိုင်းမှာ နိုင်ငံအရှေ့မြောက်ပိုင်း ကျန်စုပြည်နယ်ကို ရောက်ဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
——–
တ႐ုတ္ႏိုင္ငံအေနာက္ေျမာက္ပိုင္း ဂန္စုက ေရွးေဟာင္း မို႔ေကာင္းလိုဏ္ဂူေတြ တည္ရွိရာ တန္းဟြမ္ၿမိဳ႕မွာ ဇူလိုင္ ၂၅ ရက္ ညေန ၃ နာရီေလာက္က ျပင္းထန္တဲ့ သဲမုန္တိုင္း တိုက္ခတ္ခဲ့ပါတယ္။
မီတာ ၁၀၀ ေလာက္ျမင့္တဲ့ တံတိုင္းနဲ႔တူတဲ့ သဲမုန္တိုင္းဟာ ေျမာက္ဘက္ကေန ေတာင္ဘက္ကို တိုက္ခတ္ခဲ့ၿပိး မိနစ္ပိုင္းအတြင္းမွာ အေဝးေျပးလမ္းကို ဖုံးလႊမ္းသြားပါတယ္။
ေကာင္းကင္ကလည္း အဝါေရာင္ ေျပာင္းလဲသြားသလို ျမင္ႏိုင္စြမ္းကလည္း ၅ မီတာေအာက္ ေလ်ာ့နည္းပါတယ္။
ေဒသခံ ယာဥ္ထိန္းရဲေတြက တိုးဂိတ္ေတြမွာ ယာဥ္ေၾကာကို ထိန္းခ်ဳပ္ေပးခဲ့ၿပီး ေသာင္တင္ေနတဲ့ ကားေတြကို အေဝးေျပးလမ္းကေနခြာၿပီး ဝန္ေဆာင္မႈေပးတဲ့ေနရာေတြမွာ ရပ္ခိုင္းလိုက္ရပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရး ၿမိဳ႕ေတာ္ ရွန္ဟိုင္းနဲ႔ အနားက ကမ္း႐ိုးတန္းေဒသေတြမွာေတာ့ ဇူလိုင္ ၂၅ ရက္မွာ တိုင္ဖြန္းမုန္တိုင္း အင္ဖွာက ကုန္းတြင္း ဝင္ေရာက္တိုက္ခတ္ခဲ့လို႔ ေလေၾကာင္းခရီးစဥ္ အားလုံးကို ဖ်က္သိမ္းထားရပါတယ္။
ေျမေအာက္ရထားေတြကိုလည္း ေျပးဆြဲတာ ဆိုင္းငံ့ထားသလို ၿမိဳ႕တြင္း စီးပြားေရး လုပ္ငန္းေတြကိုလည္း ပိတ္သိမ္းထားရပါတယ္။
မုန္တိုင္းဟာ က်ဲ႕က်န္းျပည္နယ္ရဲ႕ အဓိကဆိပ္ကမ္းၿမိဳ႕ က်ိဳးရွန္းရဲ႕ ပူတူအိုခ႐ိုင္ကေန တနဂၤေႏြ မြန္းလြဲပိုင္းမွာ ကုန္းတြင္းဝင္ခဲ့တာလို႔ အစိုးရ႐ုပ္သံ စီစီတီဗီက ထုတ္လႊင့္ပါတယ္။
ကယ္ဆယ္ေရးသမားေတြက ေရေဘးကေန ႐ြာသားေတြကို အသက္ကယ္ေလွေတြနဲ႔ ကယ္ထုတ္ေနပုံကိုလည္း ျပသပါတယ္။
မုန္တိုင္းဟာ ၁ နာရီ ၈၅ မိုင္ ေလတိုက္ႏႈန္းနဲ႔ တိုက္ခတ္ခဲ့တယ္လို႔ မိုးေလဝသ စီမံခန႔္ခြဲေရး႐ုံးက ေျပာပါတယ္။
က်ဲ႕က်န္း ကမ္း႐ိုးတန္းတေလွ်ာက္ ေျမာက္ဘက္ကို ဆက္လက္တိုက္ခတ္ခဲ့လို႔ ရွန္ဟိုင္းၿမိဳ႕ကို ျဖတ္သန္းၿပီး ညေနပိုင္းမွာ ႏိုင္ငံအေရွ႕ေျမာက္ပိုင္း က်န္စုျပည္နယ္ကို ေရာက္ဖို႔ ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။
Be the first to comment on "တရုတ်နိုင်ငံ တွင် ပြင်းထန်သည့် သဲမုန်တိုင်း တိုက်ခတ်"