၂၀၂၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီ ကြေညာ

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွှေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

မဲလက်မှက် ပျောက်တာတွေ မဲအပိုတွေ တွေ့ရသလို နိုင်ငံသားစိစစ်ရေး ကဒ်မပါဘဲ မဲပေးတာတွေ့ရပြီး NLDပါတီဟာ မလျော်သြဇာသုံးပြီး အာဏာရရှိရေးအတွက် လုပ်ဆောင်ခဲ့တာကို စိစစ်တွေ့ရတယ်လို့လည်း ပြောသွားပါတယ်။


ရွှေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်က မဲစာရင်းတွေကို မြို့နယ်အလိုက် စစ်ဆေးခဲ့ရာမှာ မဲ ၁၁ သန်း ၃ သိန်း ကျော် မှားယွင်းနေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောသွားပါတယ်။

ဒါကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်လို့မရတဲ့ အတွက် အခုလို ပယ်ဖျက်လိုက်တာလို့လည်း ထုတ်ပြန်သွားခဲ့ပါတယ်။

USDP ပါတီက ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့ဘဲ ဘက်လိုက်မူကင်းပြီး မတရားနည်းနဲ့ မဲဆွယ်တာမရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး စည်းကမ်းကျတဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ လွှတ်တော် သုံးရပ်မှာ ကိုယ်စားလှယ်လောင်း ၁၁၀၆ ဦး ဝင်ပြိုင်ပြီး ၉၂၀ ဦးအထိ စံချိန်တင် အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို NLD ဆူနာမီ လို့ အမည်တပ်ခဲ့ကြပြီး ပြိုင်ဘက် USDP ပါတီက ၂၀၁၅ လောက်ကို အနိုင်မရခဲ့ဘဲ တစ်နိုင်ငံလုံး နေရာ ၃၀ ကျော်ပဲ အနိုင်ရခဲ့ပါတယ်။

————

၂၀၂၀ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ အေထြေထြေ႐ႊးေကာက္ပြဲ ရလဒ္ေတြကို ပယ္ဖ်က္လိုက္တယ္လို႔ စစ္ေကာင္စီခန႔္ထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဇူလိုင္ ၂၆ ရက္ေန႔က ထုတ္ျပန္ေၾကညာပါတယ္။

မဲလက္မွက္ ေပ်ာက္တာေတြ မဲအပိုေတြ ေတြ႕ရသလို ႏိုင္ငံသားစိစစ္ေရး ကဒ္မပါဘဲ မဲေပးတာေတြ႕ရၿပီး NLDပါတီဟာ မေလ်ာ္ၾသဇာသုံးၿပီး အာဏာရရွိေရးအတြက္ လုပ္ေဆာင္ခဲ့တာကို စိစစ္ေတြ႕ရတယ္လို႔လည္း ေျပာသြားပါတယ္။

ေ႐ႊးေကာက္ပြဲ က်င္းပခဲ့တဲ့ ၿမိဳ႕နယ္ ၃၁၅ ၿမိဳ႕နယ္က မဲစာရင္းေတြကို ၿမိဳ႕နယ္အလိုက္ စစ္ေဆးခဲ့ရာမွာ မဲ ၁၁ သန္း ၃ သိန္း ေက်ာ္ မွားယြင္းေနတာကို ေတြ႕ရတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာသြားပါတယ္။

ဒါေၾကာင့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲအျဖစ္ သတ္မွတ္လို႔မရတဲ့ အတြက္ အခုလို ပယ္ဖ်က္လိုက္တာလို႔လည္း ထုတ္ျပန္သြားခဲ့ပါတယ္။

USDP ပါတီက ေ႐ြးေကာက္ပြဲကို အသိအမွတ္မျပဳခဲ့ဘဲ ဘက္လိုက္မူကင္းၿပီး မတရားနည္းနဲ႔ မဲဆြယ္တာမရွိတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ တပ္မေတာ္နဲ႔ ပူးေပါင္းၿပီး စည္းကမ္းက်တဲ့ ေ႐ြးေကာက္ပြဲ ျပန္လည္ က်င္းပေပးဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကပဲ လႊတ္ေတာ္ သုံးရပ္မွာ ကိုယ္စားလွယ္ေလာင္း ၁၁၀၆ ဦး ဝင္ၿပိဳင္ၿပီး ၉၂၀ ဦးအထိ စံခ်ိန္တင္ အႏိုင္ရခဲ့ပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲကို NLD ဆူနာမီ လို႔ အမည္တပ္ခဲ့ၾကၿပီး ၿပိဳင္ဘက္ USDP ပါတီက ၂၀၁၅ ေလာက္ကို အႏိုင္မရခဲ့ဘဲ တစ္ႏိုင္ငံလုံး ေနရာ ၃၀ ေက်ာ္ပဲ အႏိုင္ရခဲ့ပါတယ္။

Source – BBC

Be the first to comment on "၂၀၂၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီ ကြေညာ"

Leave a comment

Your email address will not be published.


*