အာ ဏာသိမ်းစစ်တပ်သို့ ဝင်မည့်သူမရှိသဖြင့် တပ်သားသစ် ဝင်ရောက်ခွင့်အား ၄ တန်းအောင်သတ်မှတ်
ဇူလိုင် ၂၆ ရက်
စ စ်အာဏာသိမ်းပြီးနောက် စစ်တပ်ထဲသို့ဝင်ရောက်မည့် တပ်သားသစ်များအား ပညာအ ရည်အချင်း ၄တန်းအောင်လျှင် တပ်မတော်သို့ ဝင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း တပ်မတော်အ သိုင်းအဝိုင်းထံက သိရသည်။
ယခင် စစ်အာဏာသိမ်းမှုမတိုင်မီ စစ်တပ်သို့ဝင် ရောက်မည့် တပ်သားသစ်များအနေဖြင့် ၆ တန်း အောင်သာသတ်မှတ် ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
” အခုက ရဲဘော်သစ်စုရတာ အရင်လောက်မ လွယ်တော့ အရင် ၆တန်းအောင်ကနေ ၄တန်း အောင်ရင် စုဆောင်းလို့ရတယ်လို့ သိရတယ်။” ဟု နယ်မြေအလိုက် စစ်သားစုဆောင်းရေးလုပ်နေသူ စစ်မှုထမ်းဟောင်းတဦးက MPAသတင်းဌာနသို့ဖြေ ကြားချက်အရ သိရသည်။
ယခင်ကာလများတွင် စစ်တပ်သို့ ဝင်ရောက်မည့် တပ်သားသစ်များအနေဖြင့် အထွေထွေ စစ်သားများအတွက် ၆ တန်း၊ ပညာသည်စစ်သည်များအတွက် အနည်းဆုံး ၈ တန်း သတ်မှတ်ထားပြီး အခြားကန့်သတ်ချက်များဖြင့် ကိုက်ညီမှသာ ဝင်ရောက်ခွင့်ပြုကြောင်း သိရသည်။
စ စ်အာဏာသိမ်းပြီးနောက် စစ်တပ်သို့ဝင်ရောက်လိုသူ နည်းပါလာသဖြင့် တပ်သားသစ်ဖြစ်ခွင့် ကန့်သတ်ချက်များအား များစွာဖြေလျော့ပေးထားကြောင်း သိရသည်။
Ref : MPA
———-
အာဏာသိမ္းစစ္တပ္သို႔ ဝင္မည့္သူမရွိသျဖင့္ တပ္သားသစ္ ဝင္ေရာက္ခြင့္အား ၄ တန္းေအာင္သတ္မွတ္
ဇူလိုင္ ၂၆ ရက္
စစ္အာဏာသိမ္းၿပီးေနာက္ စစ္တပ္ထဲသို႔ဝင္ေရာက္မည့္ တပ္သားသစ္မ်ားအား ပညာအ ရည္အခ်င္း ၄တန္းေအာင္လွ်င္ တပ္မေတာ္သို႔ ဝင္ခြင့္ျပဳရန္ ၫႊန္ၾကားထားေၾကာင္း တပ္မေတာ္အ သိုင္းအဝိုင္းထံက သိရသည္။
ယခင္ စစ္အာဏာသိမ္းမႈမတိုင္မီ စစ္တပ္သို႔ဝင္ ေရာက္မည့္ တပ္သားသစ္မ်ားအေနျဖင့္ ၆ တန္း ေအာင္သာသတ္မွတ္ ဝင္ေရာက္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
” အခုက ရဲေဘာ္သစ္စုရတာ အရင္ေလာက္မ လြယ္ေတာ့ အရင္ ၆တန္းေအာင္ကေန ၄တန္း ေအာင္ရင္ စုေဆာင္းလို႔ရတယ္လို႔ သိရတယ္။” ဟု နယ္ေျမအလိုက္ စစ္သားစုေဆာင္းေရးလုပ္ေနသူ စစ္မႈထမ္းေဟာင္းတဦးက MPAသတင္းဌာနသို႔ေျဖ ၾကားခ်က္အရ သိရသည္။
ယခင္ကာလမ်ားတြင္ စစ္တပ္သို႔ ဝင္ေရာက္မည့္ တပ္သားသစ္မ်ားအေနျဖင့္ အေထြေထြ စစ္သားမ်ားအတြက္ ၆ တန္း၊ ပညာသည္စစ္သည္မ်ားအတြက္ အနည္းဆုံး ၈ တန္း သတ္မွတ္ထားၿပီး အျခားကန္႔သတ္ခ်က္မ်ားျဖင့္ ကိုက္ညီမွသာ ဝင္ေရာက္ခြင့္ျပဳေၾကာင္း သိရသည္။
စ စ္အာဏာသိမ္းၿပီးေနာက္ စစ္တပ္သို႔ဝင္ေရာက္လိုသူ နည္းပါလာသျဖင့္ တပ္သားသစ္ျဖစ္ခြင့္ ကန္႔သတ္ခ်က္မ်ားအား မ်ားစြာေျဖေလ်ာ့ေပးထားေၾကာင္း သိရသည္။
Ref : MPA
Be the first to comment on "အာ ဏာသိမ်းစ စ်တပ်သို့ ဝင်မည့်သူမရှိသဖြင့် တပ်သားသစ် ဝင်ရောက်ခွင့်အား ၄ တန်းအောင်သတ်မှတ်"