စ စ်ရေးကတော့ ကြိုတွေးထားတဲ့အတိုင်းပါပဲ

လိုအပ်ချက်တွေရှိနေတာကြောင့် အခြေနေအရ အထနှေးနေတဲ့ NUG,PDF(ဗဟို)တို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူ၊ယနေ့အထိ သူတလူငါတစ်မင်းဖြစ်နေတဲ့ တချို့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မပြတ်သားမှုကိုအခွင့်ရေးအဖြစ် အသုံးချပြီး မအလနဲ့စစ်အုပ်စုဘက်ကတော့ ပြည်တွင်းစစ်ကို လက်ဦးမှုယူနေပါပြီ။

20.7.2021နောက်ပိုင်း ထိုးစစ်အတွက် မအလဘက်က အစီစဉ်တကျ သေခြာပြင်ဆင်ခဲ့သလို 23,ရက်နေ့ ICJရဲ့ရုံးချိမ်းခေါ်ဆိုမှုကိုလည်း မထိမဲ့မြင်ပြုခဲ့ပြီး သူတို့လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်နေတာကို သိလာရပါတယ်။

ခုဆို UNHCR ရဲ့ထောက်ပံ့ကူညီမှုတွေရပြီးနောက်ပိုင်း မင်းတပ်ဒေသကို စစ်အုပ်စု ဘက်က အကြမ်းဖက်မှုတွေ စတင်လာပြီး အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့အတွက် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာနေရပြီး နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း စစ်ရေးအကူညီတွေ လိုနေပါပြီ။

ချင်းလူမျိုးနဲ့ဒေသခံတွေရဲ့ တော်လှန်ရေးစွမ်းရည်နဲ့ သတ္တိရှိမှုကိုသိနေတဲ့ မအလနဲ့စစ်အုပ်စုဟာ
အပစ်ရပ်ထားတဲ့အချိန်တွင်း ချင်းပြည်နယ်ကို စစ်အင်အားအမြောက်အများပို့ခဲ့ပြီး အလုံးစုံထိမ်းချုပ်နိုင်ရေးအတွက် အင်အားသုံးပြီးကြိုးစားနေပါပြီ။

ထောင်နိုင် ထနိုင်တဲ့ဒေသတွေကို ကြိုတင်ဖိနှိပ့်ထားမယ်ဆိုတဲ့နည်းဗျူဟာအတိုင်း မညီညွတ်တဲ့အားနည်းချက်ကို ကြည့်ပြီး ဦးထောင်ရင် ဦးနင်း၊ ပဲ့ကထောင်ရင် ပဲ့ကို ဖိနင်း လိုက်… ငြိမ်သွားလိမ့်မယ်ဆိုတဲ့ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ စစ်အုပ်စုရဲ့လမ်းစဉ်အတိုင်း လုပ်လာတာပါ။

အခြေတကျဖြစ်ပြီး ပြည်သူတွေဘက်က ငြိမ်သွားတဲ့အခါ နိုင်ငံတကာဘက်ကလည်း ဘာမှမပြောတော့ပဲ ကြာရင် မူလအတိုင်းပဲ လက်ခံလာလိမ့်မယ်ဆိုတဲ့ နေဝင်း၊သန်းရွှေတို့ရဲ့လမ်းစဉ်အတိုင်း ပြည်ပဖိအားကိုဂရုမစိုက်ပဲ ပြည်တွင်းငြိမ်ဝပ်ပိပြားဖို့အတွက်ကိုသာ အဓိကထားပြီး အကြမ်းဖက်နှိမ်နှင်းမှုတွေကို ဆက်လုပ်နေတာပါ။

မအလနဲ့စစ်အုပ်စုဟာ ယခုအခြေနေမှာတော့ ချင်းနဲ့ကချင်ကို ဖိဖို့အတွက် ဦးစားပေးပြင်ဆင်လာတာကိုတွေ့ရပါတယ်။ ကချင်ပြည်နယ်ဘက်ကို ရေကြောင်းကနေ စစ်သုံးသံချပ်ကာကားတွေအပါဝင် လက်နက်ကြီးနဲ့ တင့်ကားတွေကို ပို့ဆောင်ထားပါပြီ။

ကုန်းလမ်းကနေ စစ်အင်အားများစွာပါတဲ့ ယာဉ်တန်းတွေကို မန်းလေ-မြစ်ကြီးနားလမ်း မန်းလေး-ဗန်မော်လမ်း နဲ့ မူဆယ်-မန်းလေးလမ်း စတဲ့ လမ်းကြောင်း ၃ခုကနေ ပို့ဆောင်နေပါတယ်။မအလနဲ့စစ်အုပ်စုဘက်က KIAကို ဖိထားနိုင်ရေး မည်သို့ပင် ဆောင်ရွှက်နေပါစေ စိုးရိမ်မှုမရှိသလို စိတ်လည်းမပူပါဘူး။

ရိက္ခာ၊လက်နက်နဲ့ အင်အား ပြည့်စုံတဲ့အပြင် နည်းပညာပိုင်းနဲ့ ဗျူဟာပိုင်းအရ မအလစစ်အုပ်စုထက် မသာရင်တောင် မလျော့တဲ့အတွက်ကြောင့်ဂရုမစိုက်ပါဘူး။

စစ်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်သလို စစ်ရေးအရ ဗျူဟာကျတဲ့နေရာတွေကို ထိမ်းချုပ်ထားနိုင်တဲ့အတွက် ကချင်မြေကိုတက်လာသမျှစခတွေအတွက် မြေသြဇာဖြစ်ဖို့ကလွဲလို့ အခြားမရှိပါ။

စိတ်ပူမိတာက ချင်းပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအတွက်ပါ။ အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ယနေ့အထိ ဒီတိုင်းပဲ ထိုင်ကြည့်နေအုန်းမယ်ဆိုရင်တော့

မင်းတပ်ဒေသဟာ ထပ်ပြီးနာကြအုန်းမှာပါ။ ငါ့ဒေသမထိသ၍၊ ငါ့အမျိုးမထိသ၍၊ ငါ့နယ်မြေမလုသ၍၊ငါ့အကျိုးစီးပွားမထိသ၍ စစ်အုပ်စုပေးထားတဲ့မတ်လုံးကြီးပိုက်ပြီး

ယနေ့အထိ သဘောထားကွဲနေတဲ့ လက်နက်ကိုင်တွေ၊ယနေ့အထိ စစ်အုပ်စုဘက်က နွားဖားကြိုးထိုးပြီး ခိုင်းနေတာကို ဂုဏ်ယူနေတဲ့ လက်နက်ကိုင်တွေ၊

ယနေ့အထိ လက်နက်ကိုင်ခဲ့တဲ့ရည်ရွယ်ချက်က ဘာကြောင့်လဲ.?ဆိုတာ မသိသေးတဲ့သူတွေ တော်လှန်ရေးအတွက် အသက်တွေသွေးတွေဘဝတွေ ပေးဆပ်လိုက်ရတဲ့ပြည်သူတွေဘက်ကို မျက်နှာမမူရဲပဲ သူရဲဘောကြောင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ. ရှက်တတ်ရင်သေလို့ရတယ်နော်။

သေခြာတယ် ဒီဘက်စစ်မျက်နှာတွေကို စိတ်တိုင်းကျ နှိမ်နှင်းပြီးတဲ့အခါ မအလနဲ့စခတွေ ခများတို့ဘက်ကိုလာမယ်ဆိုတာက အစဉ်လာဖြစ်နေလို့ လာမှ ချမှာလား မလာခင် စ,မှာလား စဉ်းစားပေါ့။

ခုကတော့ ချင်းက ရှိတာနဲ့ခံချနေပြီ။ ကချင်က သိတာနဲ့ပြန်စနေပြီ။ အရေးတော်ပုံအောင်ဖို့အတွက်ဆိုရင် ခများတို့အားလုံး ညီညွတ်နေမှဖြစ်မယ်….?

သံပါးစပ်

———-

လိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ အေျခေနအရ အထေႏွးေနတဲ့ NUG,PDF(ဗဟို)တို႔ရဲ႕ အားနည္းခ်က္ကို အခြင့္ေကာင္းယူ၊ယေန႔အထိ သူတလူငါတစ္မင္းျဖစ္ေနတဲ့ တခ်ိဳ႕တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕ မျပတ္သားမႈကိုအခြင့္ေရးအျဖစ္ အသုံးခ်ၿပီး မအလနဲ႔စစ္အုပ္စုဘက္ကေတာ့ ျပည္တြင္းစစ္ကို လက္ဦးမႈယူေနပါၿပီ။

20.7.2021ေနာက္ပိုင္း ထိုးစစ္အတြက္ မအလဘက္က အစီစဥ္တက် ေသျခာျပင္ဆင္ခဲ့သလို 23,ရက္ေန႔ ICJရဲ႕႐ုံးခ်ိမ္းေခၚဆိုမႈကိုလည္း မထိမဲ့ျမင္ျပဳခဲ့ၿပီး သူတို႔လုပ္စရာရွိတာကို ဆက္လက္လုပ္ေဆာင္ေနတာကို သိလာရပါတယ္။

ခုဆို UNHCR ရဲ႕ေထာက္ပံ့ကူညီမႈေတြရၿပီးေနာက္ပိုင္း မင္းတပ္ေဒသကို စစ္အုပ္စု ဘက္က အၾကမ္းဖက္မႈေတြ စတင္လာၿပီး အင္းအားအလုံးအရင္းနဲ႔ ထိုးစစ္ဆင္ေနတဲ့အတြက္ ေဒသခံျပည္သူေတြ အိုးအိမ္စြန္႔ခြာေနရၿပီး နယ္ေျမခံျပည္သူ႔ကာကြယ္ေရးတပ္ေတြအေနနဲ႔လည္း စစ္ေရးအကူညီေတြ လိုေနပါၿပီ။

ခ်င္းလူမ်ိဳးနဲ႔ေဒသခံေတြရဲ႕ ေတာ္လွန္ေရးစြမ္းရည္နဲ႔ သတၱိရွိမႈကိုသိေနတဲ့ မအလနဲ႔စစ္အုပ္စုဟာ
အပစ္ရပ္ထားတဲ့အခ်ိန္တြင္း ခ်င္းျပည္နယ္ကို စစ္အင္အားအေျမာက္အမ်ားပို႔ခဲ့ၿပီး အလုံးစုံထိမ္းခ်ဳပ္ႏိုင္ေရးအတြက္ အင္အားသုံးၿပီးႀကိဳးစားေနပါၿပီ။

ေထာင္ႏိုင္ ထႏိုင္တဲ့ေဒသေတြကို ႀကိဳတင္ဖိႏွိပ့္ထားမယ္ဆိုတဲ့နည္းဗ်ဴဟာအတိုင္း မညီၫြတ္တဲ့အားနည္းခ်က္ကို ၾကည့္ၿပီး ဦးေထာင္ရင္ ဦးနင္း၊ ပဲ့ကေထာင္ရင္ ပဲ့ကို ဖိနင္း လိုက္… ၿငိမ္သြားလိမ့္မယ္ဆိုတဲ့ ေခတ္အဆက္ဆက္ က်င့္သုံးခဲ့တဲ့ စစ္အုပ္စုရဲ႕လမ္းစဥ္အတိုင္း လုပ္လာတာပါ။

အေျခတက်ျဖစ္ၿပီး ျပည္သူေတြဘက္က ၿငိမ္သြားတဲ့အခါ ႏိုင္ငံတကာဘက္ကလည္း ဘာမွမေျပာေတာ့ပဲ ၾကာရင္ မူလအတိုင္းပဲ လက္ခံလာလိမ့္မယ္ဆိုတဲ့ ေနဝင္း၊သန္းေ႐ႊတို႔ရဲ႕လမ္းစဥ္အတိုင္း ျပည္ပဖိအားကိုဂ႐ုမစိုက္ပဲ ျပည္တြင္းၿငိမ္ဝပ္ပိျပားဖို႔အတြက္ကိုသာ အဓိကထားၿပီး အၾကမ္းဖက္ႏွိမ္ႏွင္းမႈေတြကို ဆက္လုပ္ေနတာပါ။

မအလနဲ႔စစ္အုပ္စုဟာ ယခုအေျခေနမွာေတာ့ ခ်င္းနဲ႔ကခ်င္ကို ဖိဖို႔အတြက္ ဦးစားေပးျပင္ဆင္လာတာကိုေတြ႕ရပါတယ္။ ကခ်င္ျပည္နယ္ဘက္ကို ေရေၾကာင္းကေန စစ္သုံးသံခ်ပ္ကာကားေတြအပါဝင္ လက္နက္ႀကီးနဲ႔ တင့္ကားေတြကို ပို႔ေဆာင္ထားပါၿပီ။

ကုန္းလမ္းကေန စစ္အင္အားမ်ားစြာပါတဲ့ ယာဥ္တန္းေတြကို မန္းေလ-ျမစ္ႀကီးနားလမ္း မန္းေလး-ဗန္ေမာ္လမ္း နဲ႔ မူဆယ္-မန္းေလးလမ္း စတဲ့ လမ္းေၾကာင္း ၃ခုကေန ပို႔ေဆာင္ေနပါတယ္။မအလနဲ႔စစ္အုပ္စုဘက္က KIAကို ဖိထားႏိုင္ေရး မည္သို႔ပင္ ေဆာင္႐ႊက္ေနပါေစ စိုးရိမ္မႈမရွိသလို စိတ္လည္းမပူပါဘူး။

ရိကၡာ၊လက္နက္နဲ႔ အင္အား ျပည့္စုံတဲ့အျပင္ နည္းပညာပိုင္းနဲ႔ ဗ်ဴဟာပိုင္းအရ မအလစစ္အုပ္စုထက္ မသာရင္ေတာင္ မေလ်ာ့တဲ့အတြက္ေၾကာင့္ဂ႐ုမစိုက္ပါဘူး။

စစ္ပြဲအတြက္ အသင့္ျဖစ္ေနၿပီျဖစ္သလို စစ္ေရးအရ ဗ်ဴဟာက်တဲ့ေနရာေတြကို ထိမ္းခ်ဳပ္ထားႏိုင္တဲ့အတြက္ ကခ်င္ေျမကိုတက္လာသမွ်စခေတြအတြက္ ေျမၾသဇာျဖစ္ဖို႔ကလြဲလို႔ အျခားမရွိပါ။

စိတ္ပူမိတာက ခ်င္းျပည္နယ္က ေတာ္လွန္ေရးတပ္ဖြဲ႕ေတြနဲ႔ ျပည္သူေတြအတြက္ပါ။ အျခားလက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ယေန႔အထိ ဒီတိုင္းပဲ ထိုင္ၾကည့္ေနအုန္းမယ္ဆိုရင္ေတာ့

မင္းတပ္ေဒသဟာ ထပ္ၿပီးနာၾကအုန္းမွာပါ။ ငါ့ေဒသမထိသ၍၊ ငါ့အမ်ိဳးမထိသ၍၊ ငါ့နယ္ေျမမလုသ၍၊ငါ့အက်ိဳးစီးပြားမထိသ၍ စစ္အုပ္စုေပးထားတဲ့မတ္လုံးႀကီးပိုက္ၿပီး

ယေန႔အထိ သေဘာထားကြဲေနတဲ့ လက္နက္ကိုင္ေတြ၊ယေန႔အထိ စစ္အုပ္စုဘက္က ႏြားဖားႀကိဳးထိုးၿပီး ခိုင္းေနတာကို ဂုဏ္ယူေနတဲ့ လက္နက္ကိုင္ေတြ၊

ယေန႔အထိ လက္နက္ကိုင္ခဲ့တဲ့ရည္႐ြယ္ခ်က္က ဘာေၾကာင့္လဲ.?ဆိုတာ မသိေသးတဲ့သူေတြ ေတာ္လွန္ေရးအတြက္ အသက္ေတြေသြးေတြဘဝေတြ ေပးဆပ္လိုက္ရတဲ့ျပည္သူေတြဘက္ကို မ်က္ႏွာမမူရဲပဲ သူရဲေဘာေၾကာင္ေနတဲ့ လက္နက္ကိုင္တပ္ဖြဲ႕ေတြ. ရွက္တတ္ရင္ေသလို႔ရတယ္ေနာ္။

ေသျခာတယ္ ဒီဘက္စစ္မ်က္ႏွာေတြကို စိတ္တိုင္းက် ႏွိမ္ႏွင္းၿပီးတဲ့အခါ မအလနဲ႔စခေတြ ခမ်ားတို႔ဘက္ကိုလာမယ္ဆိုတာက အစဥ္လာျဖစ္ေနလို႔ လာမွ ခ်မွာလား မလာခင္ စ,မွာလား စဥ္းစားေပါ့။

ခုကေတာ့ ခ်င္းက ရွိတာနဲ႔ခံခ်ေနၿပီ။ ကခ်င္က သိတာနဲ႔ျပန္စေနၿပီ။ အေရးေတာ္ပုံေအာင္ဖို႔အတြက္ဆိုရင္ ခမ်ားတို႔အားလုံး ညီၫြတ္ေနမွျဖစ္မယ္….?

သံပါးစပ္

Be the first to comment on "စ စ်ရေးကတော့ ကြိုတွေးထားတဲ့အတိုင်းပါပဲ"

Leave a comment

Your email address will not be published.


*