ရခိုငိပြည်နယ် ကျောက်ဖြူမြို့ပေါ်မှာ နေထိုင်တဲ့ အသက် ၁၀၀ နှစ်ရှိပြီဖြစ်တဲ့ ဦးမြထွန်းအေးဟာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီးနောက် ကုသပျောက်ကင်းလို့
ကျောက်ဖြူပြည်သူ့ဆေးရုံကနေ ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြန်ဆင်းလာပြီလို့ ကျောက်ဖြူအခြေစိုက် ပရဟိတအဖွဲ့တွေက မဇ္စျိမ ကို ပြောပါတယ်။
အဖိုးဦးမြထွန်းအေးဟာ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကိုဗစ်ကူးစက်ခံရပြီးနောက် ကျောက်ဖြူပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ မနေ့က ဇူလိုင်လ ၂၄ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါအတည်ပြုလူနာ ၂၁၀၁ ဦးရှိပြီး သေဆုံးသူ ၁၀၂ ဦးရှိတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Credit Myat
———-
ကျောက်ဖြူပြည်သူ့ဆေးရုံကနေ ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြန်ဆင်းလာပြီလို့ ကျောက်ဖြူအခြေစိုက် ပရဟိတအဖွဲ့တွေက မဇ္ဈိမ ကို ပြောပါတယ်။
Credit Myat
Be the first to comment on "အသက် (၁၀၀) ရှိပြီဖြစ်တဲ့ ဘိုးဘိုးကတော့ ကိုဗစ် ကို အနိုင်ယူပြလိုက်ပြန်ပြီ"