တိုင်းပြည်နဲ့အမေစုရဲ့ ကံဇာတာဟာ သြဂုတ်လမှာပြန်တက်လာပါပြီ

ချစ်သောသူများ

တိုင်းပြည်နဲ့အမေစုရဲ့ ကံဇာတာဟာ သြဂုတ်လမှာပြန်တက်လာပါပြီ။ရက်အနည်းငယ်လောက် တောင့်ခံရကြရအောင်ပါနော်။

ဒီရက်တွေမှာ ကျမအနေနဲ့မြန်မာပြည်ရဲ့ ဇာတာ၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ဇာတာနဲ့ အချို့တွေရဲ့ဇာတာတွေကို ကြည့်လိုက် ဇူလိုင်လနဲ့ သြဂုတ်လတွေအပေါ်မှာနဝင်းစီးရာသီ၊ နက္ခတ်စီးနဲ့ပိုင်စိုးနေတဲ့ ဂြိုလ်တွေကို ကြည့်နေမိပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၃၁ လကုန်ထိဟာ စနေဂြိုလ်ပိုင်စိုးထားတဲ့ အချိန်ကာလဖြစ်တဲ့အတွက်အတော်လေးကြမ်းတယ်လို့ ဆိုရမှာပါ။ သြဂုတ်လ ၃ ရက်နေ့က ၁၄ ရက်နေ့ထိဟာ ဗုဒ္ဓဟူးဂြိုလ် ပိုင်စိုးတဲ့ ကာလကို ရောက်သွားတဲ့အတွက် ကောင်းတဲ့အခါကို ပြန်ရောက်ပါတယ်။

သြဂုတ်လ ၁၉ ရက်ကျော်ရင် အမေစုဟာလည်း ကောင်းတဲ့ဘက်ကို ရောက်သွားပြီး စက်တင်ဘာ ၁၉ ရက်ကျော်ရင်တော့ အမေစုစာ ကောင်းတဲ့အခါကို လုံးလုံးရောက်သွားတဲ့ကာလ ဖြစ်ပါပြီ။

ဇူလိုင် ၃၁ ရက်နေ့ကတော့ အတော်လေးဆိုးတဲ့ရက်လို့ ထပ်တွေ့ထားလို့ ဒီစာကိုရေးထားပါ။ အဲဒီနေ့ဟာ စနေဂြိုလ်ပိုင်စိုးတဲ့အပြင် ဗြိစ္ဆာနဝင်းစီးပါတယ်။ ရက်စက်သောစစ်အာဏာရှင်နဝင်းကျနေပါတယ်။ စကစတွေသောင်းကျန်းနိုင်တဲ့ ကာလပါ။ သတိ၊ဉာဏ်ပညာရှိပေးကြပါ။

ဆက်ပြီးတော့မြန်မာပြည်ရဲ့ကံဇာတာကိုလေ့လာကြည့်တဲ့အခါမှာ မြန်မာပြည်ရဲ့ဇာတာကလည်းအကောင်းဘက်ကို ရောက်ရောက်လာပါပြီ ခက်တာက ဒီမိုကရေစီအစိုးရ အုပ်စိုးမှသာ သက်သာတဲ့ဇာာတာမျိုးပါ

ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိတဲ့ တိုင်းပြည်ဖြစ်တဲ့အပြင် အင်္ဂါအားကောင်းတဲ့ ဇာတာဖြစ်နေတာကြောင့် မေတ္တာနဲ့ မအုပ်ချုပ်နိုင်ရင် ဆင်းရဲဒုက္ခများမဲ့ အခြေအနေမျိုးဟာ ကျန်ရှိနေပါသေးတယ်။တိုင်းပြည်ရဲ့ဇာတာဟာ ဗုဒ္ဓဟူး၊စနေထဲရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ပါ။

ကြီးကြီးစုရဲ့ဇာတာက ဗုဒ္ဓဟူးကသစ်ရထားပြီးရာဟု ဥစ်ရထားတဲ့အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲအုပ်ချုပ်နိုင်တာကို တွေ့ရပါတယ်။စနေဟာလည်း ကြီးကြီးအတွက်အညံ့မရှိတာမို့ စီမံအုပ်ချုပ်နိုင်တယ်လို့ ဆိုရတာပါပဲ။ပြောချင်တာ

ဒီနေရာမှာ ကြီးကြီးစုရဲ့ ကံဇာတာကို ထပ်ခါထပ်ခါတွက်ရင်း ပြောချင်တာက ၇၆ နှစ် ပြည့်ပြီး နောက် ၂ လပိုင်းကနေ ၇၇ နှစ် ပြည့်ပြီးနောက် ၂ လပိုင်းထိ ကိတ်ကြာသပတေးဖြစ်သွားပါပြီ။

ပြောရရင်တော့ သြဂုတ်လ ၁၉ ရက်နေ့ကစပြီး စက်တင်ဘာ ၁၉ ကျော်သွားတာနဲ့ ကြီးကြီးဟာကောင်းတဲ့ဘက်ကို လုံးလုံးကြီးပြောင်းသွားပါပြီ။

နားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့ ကြီးကြီးစုဟာ ကြာသပတေးကသစ်ရထားပါတယ်။အဲဒီလို ကြာသပတေးအားကောင်းလှတဲ့အတွက် ဘာသာရေးလုပ်ရင် လုပ်သလောက်ဘုန်းကံတိုးတက်ပါတယ်။

ကြာပတတေးအားကောင်းလှတဲ့အတွက် ပညာရေး ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားသိပ်ကောင်းပါတယ်။ အမျှော်အမြင်ရှိတယ်။ ခြေလှမ်းတိုင်းကို ဉာဏ်ပညာနဲ့ သွားတဲ့ ဇာတာမျိုးပါ။

ကြီးကြီးဟာ အဖမ်းခံရတဲ့အခါတိုင်း ဝိပဿနာအားထုတ်ဖို့အချိန်တွေပိုပိုရလာခဲ့ပါတယ်။ ကြီးကြီးစုဟာ ဝိပဿနာသမားဖြစ်ပါတယ်။

ဝိပဿနာသမားတွေကို အစီရင်တွေ အောက်လမ်းတွေ ယတြာတွေ လုပ်ပေးလို့်မရပါဘူး။ သူတို့ရဲ့ ဘုန်းကံကြောင့်ပါ။ဒါကြောင့် ကြီးကြီးစုကို မေတ္တာပို့ ဆုတောင်းခြင်းကိုပဲ ပြုလုပ်ပေးရင်ရပါတယ်။
နောက် ကြီးကြီးစုဟာ အင်္ဂါလည်း ကသစ်ရထားပါတယ်။

အင်္ဂါလည်းအားကောင်းတဲ့အတွက် သတ္တိကောင်းတယ်။ရဲရင့်တယ်။ စစ်ရေးဗျူဟာကျွမ်းကျင်ပါတယ်။ ကြီးကြီးစုရဲ့ဇာတာအရ တပ်မတော်က ကြီးကြီးကိုဖမ်းဆီးချုပ်နှောင်ရုံအပြင် သူတို့တတ်နိုင်တာ မရှိပါဘူး။ စစ်ရေးကို နိုင်နင်းစွာကိုင်တွယ်နိုင်တဲ့ဇာတာမျိုးပါ။

နောက်တစ်ချက်ကတော့ ဗုဒ္ဓဟူး ကသစ်ရထားပြီး ရာဟု ဥစ်ရထားတဲ့ ဇာတာရှင်ပါ။ ရှားပါးပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ဗုဒ္ဓဟူးဂြိုလ်စီးနေတဲ့ကာလတိုင်းမှာ ကြီးကြီးအတွက်လည်းကောင်းမွန်ပြီး သူဟာ အလုပ်လုပ်ပေးနိုင်ပါတယ်။

မကြာခင်မှာ တိုင်းပြည်အတွက် ကြီးကြီးစုဟာ အလုပ်လုပ်ရင်း ကယ်တင်ခြင်းနဲ့ ရှင်သန်ခြင်း အလုပ်တွေကို သြဂုတ်လကျော်တာနဲ့ ပြန်လုပ်ခွင့်ရပါလိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

ပြီးတော့ ကြီးကြီးစု ဟာ နဝင်းဇာတာမှာ ကံကြာပေါက်ဖြစ်ပါတယ်။ကံကြာပေါက်ဆိုတာ ဘယ်လိုအဆိုးမျိုးတွေပဲကြုံကြုံ ရှင်သန်ထမြောက်နိုင်တဲ့ ဇာာတာမျိုးပါ။ ဒါ့အပြင် အတွေးအခေါ်နဲ့ဉာဏ်ပညာဟာ ဘယ်သူမှ မယှဉ်နိုင်ပါဘူး။

ဒါ့အပြင် ရာသီနဲ့နဝင်းဇာတာတွေအားလုံးကိုခြုံပြီးပြောရရင်တော့ စန်းအားလည်းကောင်းတယ်၊။ အကျိုးရှိတဲ့စကားကိုပဲ ပြောတတ်တယ်လို့ ဇာတာမျိုးလို့ ဆိုနိုင်ပါတယ်။ပြည်သူရဲ့ ချစ်မြတ်နိုးမှုကို ရရှိထားသလို၊ပြည်သူကိုလည်း ရင်ဝယ်သားလိုချစ်ခင်တဲ့ဇာတာရှင်လို့လည်းပြောလို့ရပါတယ်။
ခုလိုအချိန်အခါမှာ ကြီးကြီးကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အတွက် ဝိပဿနာပိုလုပ်ခွင့်ရတယ်။

ဘုန်းတန်ခိုးတိုးတက်လာစေတယ်။ အကုသိုလ်တွေကင်းနေတယ်။ မွေးနေ့ကနေ ရက်ပေါင်း ၆၀ကျော်တာနဲ့ အညံ့ကနေ လွတ်သွားမယ်။ ကြီးကြီးဟာ အသက် ၈၇ နှစ်ထိ မြန်မာပြည်အတွက် အလုပ်လုပ်ပေးနိုင်ဦးမယ်။ အသက် ၉၀ ကျော်ထိ အသက်ရှည်နိုင်တာကို တွေ့ရပါတယ်။

ခြုံပြီးပြောရရင်တော့ သြဂုတ်လ ၃ ရက်ကစပြီး ခုလောက်တိုင်းပြည်ရဲ့ အခြေအနဟာ မဆိုးတော့ပါဘူး။လာမဲ့ သြဂုတ်လ မှာ အဆိုးတွေအားပျော့သွားပြီး ကောင်းတာတွေပြန်ဖြစ်လာပါမယ်။

ပြောချင်တာကတော့ ချစ်သောသူများ ကျန်နေသေးတဲ့ ဇူလိုင် ရက်တွေကို တောင့်ခံထားပြီး ရက်ဆိုးတွေကို အနိုင်ယူကာ ကျော်ဖြတ်ကြရအောင်ပါ။

ဒီကာလကိုတော့ ဘာသာရေးတိုးလုပ်ပါ၊ကူညီကယ်ဆယ်ရေးတွေများများလုပ်ရင်း၊ ကျန်းမာအောင် ကိုယ့်ကိုယ်ကိုရော မိသားစုကိုပါ ဂရုစိုက်ရင်း ဖြတ်သန်းကြရအောင်ပါ။ ဘာသာရေးတစ်ခုတည်းနဲ့ မရတဲ့ကာလမို့ ကူညီကယ်ဆယ်ရေးကိုပါ တွဲလုပ်စေချင်ပါတယ်။ ကိုယ်ကူတာ ကိုယ်ပြန်ရတဲ့ကာလပါပဲ။

ချစ်သောသူများအားလုံး ဘေးကင်းကျန်းမာကြပါစေ။

မေတ္တာဖြင့်

May Thingyan Hein-Myitmakha

————

ခ်စ္ေသာသူမ်ား

တိုင္းျပည္နဲ႔အေမစုရဲ႕ ကံဇာတာဟာ ၾသဂုတ္လမွာျပန္တက္လာပါၿပီ။ရက္အနည္းငယ္ေလာက္ ေတာင့္ခံရၾကရေအာင္ပါေနာ္။

ဒီရက္ေတြမွာ က်မအေနနဲ႔ျမန္မာျပည္ရဲ႕ ဇာတာ၊ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ဇာတာနဲ႔ အခ်ိဳ႕ေတြရဲ႕ဇာတာေတြကို ၾကည့္လိုက္ ဇူလိုင္လနဲ႔ ၾသဂုတ္လေတြအေပၚမွာနဝင္းစီးရာသီ၊ နကၡတ္စီးနဲ႔ပိုင္စိုးေနတဲ့ ၿဂိဳလ္ေတြကို ၾကည့္ေနမိပါတယ္။

ဇူလိုင္လ ၂၀ ရက္ေန႔ကေန ဇူလိုင္လ ၃၁ လကုန္ထိဟာ စေနၿဂိဳလ္ပိုင္စိုးထားတဲ့ အခ်ိန္ကာလျဖစ္တဲ့အတြက္အေတာ္ေလးၾကမ္းတယ္လို႔ ဆိုရမွာပါ။ ၾသဂုတ္လ ၃ ရက္ေန႔က ၁၄ ရက္ေန႔ထိဟာ ဗုဒၶဟူးၿဂိဳလ္ ပိုင္စိုးတဲ့ ကာလကို ေရာက္သြားတဲ့အတြက္ ေကာင္းတဲ့အခါကို ျပန္ေရာက္ပါတယ္။

ၾသဂုတ္လ ၁၉ ရက္ေက်ာ္ရင္ အေမစုဟာလည္း ေကာင္းတဲ့ဘက္ကို ေရာက္သြားၿပီး စက္တင္ဘာ ၁၉ ရက္ေက်ာ္ရင္ေတာ့ အေမစုစာ ေကာင္းတဲ့အခါကို လုံးလုံးေရာက္သြားတဲ့ကာလ ျဖစ္ပါၿပီ။

ဇူလိုင္ ၃၁ ရက္ေန႔ကေတာ့ အေတာ္ေလးဆိုးတဲ့ရက္လို႔ ထပ္ေတြ႕ထားလို႔ ဒီစာကိုေရးထားပါ။ အဲဒီေန႔ဟာ စေနၿဂိဳလ္ပိုင္စိုးတဲ့အျပင္ ၿဗိစာၦနဝင္းစီးပါတယ္။ ရက္စက္ေသာစစ္အာဏာရွင္နဝင္းက်ေနပါတယ္။ စကစေတြေသာင္းက်န္းႏိုင္တဲ့ ကာလပါ။ သတိ၊ဉာဏ္ပညာရွိေပးၾကပါ။

ဆက္ၿပီးေတာ့ျမန္မာျပည္ရဲ႕ကံဇာတာကိုေလ့လာၾကည့္တဲ့အခါမွာ ျမန္မာျပည္ရဲ႕ဇာတာကလည္းအေကာင္းဘက္ကို ေရာက္ေရာက္လာပါၿပီ ခက္တာက ဒီမိုကေရစီအစိုးရ အုပ္စိုးမွသာ သက္သာတဲ့ဇာာတာမ်ိဳးပါ

ျပႆနာေပါင္းေသာင္းေျခာက္ေထာင္ရွိတဲ့ တိုင္းျပည္ျဖစ္တဲ့အျပင္ အဂၤါအားေကာင္းတဲ့ ဇာတာျဖစ္ေနတာေၾကာင့္ ေမတၱာနဲ႔ မအုပ္ခ်ဳပ္ႏိုင္ရင္ ဆင္းရဲဒုကၡမ်ားမဲ့ အေျခအေနမ်ိဳးဟာ က်န္ရွိေနပါေသးတယ္။တိုင္းျပည္ရဲ႕ဇာတာဟာ ဗုဒၶဟူး၊စေနထဲေရာက္ေနတာျဖစ္တဲ့အတြက္ေၾကာင့္ပါ။

ႀကီးႀကီးစုရဲ႕ဇာတာက ဗုဒၶဟူးကသစ္ရထားၿပီးရာဟု ဥစ္ရထားတဲ့အတြက္ ေကာင္းမြန္စြာ စီမံခန႔္ခြဲအုပ္ခ်ဳပ္ႏိုင္တာကို ေတြ႕ရပါတယ္။စေနဟာလည္း ႀကီးႀကီးအတြက္အညံ့မရွိတာမို႔ စီမံအုပ္ခ်ဳပ္ႏိုင္တယ္လို႔ ဆိုရတာပါပဲ။ေျပာခ်င္တာ

ဒီေနရာမွာ ႀကီးႀကီးစုရဲ႕ ကံဇာတာကို ထပ္ခါထပ္ခါတြက္ရင္း ေျပာခ်င္တာက ၇၆ ႏွစ္ ျပည့္ၿပီး ေနာက္ ၂ လပိုင္းကေန ၇၇ ႏွစ္ ျပည့္ၿပီးေနာက္ ၂ လပိုင္းထိ ကိတ္ၾကာသပေတးျဖစ္သြားပါၿပီ။

ေျပာရရင္ေတာ့ ၾသဂုတ္လ ၁၉ ရက္ေန႔ကစၿပီး စက္တင္ဘာ ၁၉ ေက်ာ္သြားတာနဲ႔ ႀကီးႀကီးဟာေကာင္းတဲ့ဘက္ကို လုံးလုံးႀကီးေျပာင္းသြားပါၿပီ။

နားလည္လြယ္ေအာင္ ေျပာရမယ္ဆိုရင္ေတာ့ ႀကီးႀကီးစုဟာ ၾကာသပေတးကသစ္ရထားပါတယ္။အဲဒီလို ၾကာသပေတးအားေကာင္းလွတဲ့အတြက္ ဘာသာေရးလုပ္ရင္ လုပ္သေလာက္ဘုန္းကံတိုးတက္ပါတယ္။

ၾကာပတေတးအားေကာင္းလွတဲ့အတြက္ ပညာေရး ဉာဏ္ပညာ၊ ဆင္ျခင္တုံတရားသိပ္ေကာင္းပါတယ္။ အေမွ်ာ္အျမင္ရွိတယ္။ ေျခလွမ္းတိုင္းကို ဉာဏ္ပညာနဲ႔ သြားတဲ့ ဇာတာမ်ိဳးပါ။
ႀကီးႀကီးဟာ အဖမ္းခံရတဲ့အခါတိုင္း ဝိပႆနာအားထုတ္ဖို႔အခ်ိန္ေတြပိုပိုရလာခဲ့ပါတယ္။ ႀကီးႀကီးစုဟာ ဝိပႆနာသမားျဖစ္ပါတယ္။

ဝိပႆနာသမားေတြကို အစီရင္ေတြ ေအာက္လမ္းေတြ ယၾတာေတြ လုပ္ေပးလို႔္မရပါဘူး။ သူတို႔ရဲ႕ ဘုန္းကံေၾကာင့္ပါ။ဒါေၾကာင့္ ႀကီးႀကီးစုကို ေမတၱာပို႔ ဆုေတာင္းျခင္းကိုပဲ ျပဳလုပ္ေပးရင္ရပါတယ္။
ေနာက္ ႀကီးႀကီးစုဟာ အဂၤါလည္း ကသစ္ရထားပါတယ္။

အဂၤါလည္းအားေကာင္းတဲ့အတြက္ သတၱိေကာင္းတယ္။ရဲရင့္တယ္။ စစ္ေရးဗ်ဴဟာကြၽမ္းက်င္ပါတယ္။ ႀကီးႀကီးစုရဲ႕ဇာတာအရ တပ္မေတာ္က ႀကီးႀကီးကိုဖမ္းဆီးခ်ဳပ္ေႏွာင္႐ုံအျပင္ သူတို႔တတ္ႏိုင္တာ မရွိပါဘူး။ စစ္ေရးကို ႏိုင္နင္းစြာကိုင္တြယ္ႏိုင္တဲ့ဇာတာမ်ိဳးပါ။

ေနာက္တစ္ခ်က္ကေတာ့ ဗုဒၶဟူး ကသစ္ရထားၿပီး ရာဟု ဥစ္ရထားတဲ့ ဇာတာရွင္ပါ။ ရွားပါးပါတယ္။ ဒါေၾကာင့္ တိုင္းျပည္ရဲ႕ဗုဒၶဟူးၿဂိဳလ္စီးေနတဲ့ကာလတိုင္းမွာ ႀကီးႀကီးအတြက္လည္းေကာင္းမြန္ၿပီး သူဟာ အလုပ္လုပ္ေပးႏိုင္ပါတယ္။

မၾကာခင္မွာ တိုင္းျပည္အတြက္ ႀကီးႀကီးစုဟာ အလုပ္လုပ္ရင္း ကယ္တင္ျခင္းနဲ႔ ရွင္သန္ျခင္း အလုပ္ေတြကို ၾသဂုတ္လေက်ာ္တာနဲ႔ ျပန္လုပ္ခြင့္ရပါလိမ့္မယ္လို႔ ဆိုႏိုင္ပါတယ္။

ၿပီးေတာ့ ႀကီးႀကီးစု ဟာ နဝင္းဇာတာမွာ ကံၾကာေပါက္ျဖစ္ပါတယ္။ကံၾကာေပါက္ဆိုတာ ဘယ္လိုအဆိုးမ်ိဳးေတြပဲႀကဳံႀကဳံ ရွင္သန္ထေျမာက္ႏိုင္တဲ့ ဇာာတာမ်ိဳးပါ။ ဒါ့အျပင္ အေတြးအေခၚနဲ႔ဉာဏ္ပညာဟာ ဘယ္သူမွ မယွဥ္ႏိုင္ပါဘူး။

ဒါ့အျပင္ ရာသီနဲ႔နဝင္းဇာတာေတြအားလုံးကိုၿခဳံၿပီးေျပာရရင္ေတာ့ စန္းအားလည္းေကာင္းတယ္၊။ အက်ိဳးရွိတဲ့စကားကိုပဲ ေျပာတတ္တယ္လို႔ ဇာတာမ်ိဳးလို႔ ဆိုႏိုင္ပါတယ္။ျပည္သူရဲ႕ ခ်စ္ျမတ္ႏိုးမႈကို ရရွိထားသလို၊ျပည္သူကိုလည္း ရင္ဝယ္သားလိုခ်စ္ခင္တဲ့ဇာတာရွင္လို႔လည္းေျပာလို႔ရပါတယ္။

ခုလိုအခ်ိန္အခါမွာ ႀကီးႀကီးကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့အတြက္ ဝိပႆနာပိုလုပ္ခြင့္ရတယ္။

ဘုန္းတန္ခိုးတိုးတက္လာေစတယ္။ အကုသိုလ္ေတြကင္းေနတယ္။ ေမြးေန႔ကေန ရက္ေပါင္း ၆၀ေက်ာ္တာနဲ႔ အညံ့ကေန လြတ္သြားမယ္။ ႀကီးႀကီးဟာ အသက္ ၈၇ ႏွစ္ထိ ျမန္မာျပည္အတြက္ အလုပ္လုပ္ေပးႏိုင္ဦးမယ္။ အသက္ ၉၀ ေက်ာ္ထိ အသက္ရွည္ႏိုင္တာကို ေတြ႕ရပါတယ္။

ၿခဳံၿပီးေျပာရရင္ေတာ့ ၾသဂုတ္လ ၃ ရက္ကစၿပီး ခုေလာက္တိုင္းျပည္ရဲ႕ အေျခအနဟာ မဆိုးေတာ့ပါဘူး။လာမဲ့ ၾသဂုတ္လ မွာ အဆိုးေတြအားေပ်ာ့သြားၿပီး ေကာင္းတာေတြျပန္ျဖစ္လာပါမယ္။

ေျပာခ်င္တာကေတာ့ ခ်စ္ေသာသူမ်ား က်န္ေနေသးတဲ့ ဇူလိုင္ ရက္ေတြကို ေတာင့္ခံထားၿပီး ရက္ဆိုးေတြကို အႏိုင္ယူကာ ေက်ာ္ျဖတ္ၾကရေအာင္ပါ။

ဒီကာလကိုေတာ့ ဘာသာေရးတိုးလုပ္ပါ၊ကူညီကယ္ဆယ္ေရးေတြမ်ားမ်ားလုပ္ရင္း၊ က်န္းမာေအာင္ ကိုယ့္ကိုယ္ကိုေရာ မိသားစုကိုပါ ဂ႐ုစိုက္ရင္း ျဖတ္သန္းၾကရေအာင္ပါ။ ဘာသာေရးတစ္ခုတည္းနဲ႔ မရတဲ့ကာလမို႔ ကူညီကယ္ဆယ္ေရးကိုပါ တြဲလုပ္ေစခ်င္ပါတယ္။ ကိုယ္ကူတာ ကိုယ္ျပန္ရတဲ့ကာလပါပဲ။

ခ်စ္ေသာသူမ်ားအားလုံး ေဘးကင္းက်န္းမာၾကပါေစ။

ေမတၱာျဖင့္

May Thingyan Hein-Myitmakha

Be the first to comment on "တိုင်းပြည်နဲ့အမေစုရဲ့ ကံဇာတာဟာ သြဂုတ်လမှာပြန်တက်လာပါပြီ"

Leave a comment

Your email address will not be published.


*