အမေရိကန် က ဖိလစ်ပိုင်ကို F-16 တိုက်လေယာဉ်များ၊ ဒုံးကျည်များရောင်းချမည်

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက F-16 တိုက်လေယာဉ်များကို ဖိလစ်ပိုင်သို့ ရောင်းချရန်အတည်ပြုလိုက်ပါတယ်။

ပင်တဂွန်ရဲ့ အဆိုအရ ဖိလစ်ပိုင်နိုင်ငံဟာ Sidewinder နှင့် Harpoon ဒုံးကျည်များကိုလည်း လက်ခံရရှိလိမ့်မည် ဖြစ်ပါတယ်။ အဆိုပါသဘောတူညီချက်မှာဒေါ်လာ ၂.၉ ဘီလီယံတန်ကြေးရှိပြီး ၎င်းတွင် F-16 လေယာဉ် တစ်ဒါဇင်ပါဝင်မှာပါ။

ပင်တဂွန်က ပြောကြားရာမှာတော့ ဖိလစ်ပိုင်နိုင်ငံဟာ Lockheed Martin ရဲ့ F-16C Block 70/72 လေယာဉ် ၁၀ စီးနှင့် F-16D Block 70/72 လေယာဉ် ၂ စီးအား တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

သဘောတူညီချက်ရဲ့ အချိန်ဇယားကို မသတ်မှတ်ရသေးသော်လည်း ပင်တဂွန်က ပြောကြားရာမှာ‌‌ ၎င်းသည်ဖိလစ်ပိုင်သို့ ဒုံးကျည်နှစ်စင်းရောင်းချရန်ဖြစ်နိုင်ကြောင်း ကွန်ဂရက်ကိုအကြောင်းကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Harpoon Air-Launched Block II ဒုံးကျည်များကို Boeing မှထုတ်လုပ်ထားတာပါ။

ကာကွယ်ရေးဌာနက ရောင်းချမှုဟာ မဟာဗျူဟာမြောက်မိတ်ဖက်များ၏ လုံခြုံရေးကို တိုးတက်စေရန်ကူညီခြင်းဖြစ်ပြီး ဖိလစ်ပိုင်၏လက်ရှိနှင့်အနာဂတ်ခြိမ်းခြောက်မှုများကို ဖြေရှင်းခြင်းဖြင့် နိုင်ငံခြားရေးပေါ်လစီနှင့်အမျိုးသားလုံခြုံရေးကို အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဤအဆိုပြုထားသော ရောင်းချမှု၏ ရလဒ်အနေဖြင့် အမေရိကန်ရဲ့ကာကွယ်ရေးအဆင်သင့်ဖြစ်မှုအပေါ် ဆိုးကျိုးသက်ရောက်လိမ့်မည်မဟုတတ်‌ကြောင်းလဲ ကာကွယ်ရေးဌာနက ဆိုပါတယ်။

ဖိလစ်ပိုင်ဟာ သြဂုတ်လတွင် သက်တမ်းကုန်ဆုံးမည့် Visiting Forces Agreement (VFA) ကို အစောပိုင်းကရပ်ဆိုင်းခဲ့ပါတယ်။

————-

အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက F-16 တိုက္ေလယာဥ္မ်ားကို ဖိလစ္ပိုင္သို႔ ေရာင္းခ်ရန္အတည္ျပဳလိုက္ပါတယ္။

ပင္တဂြန္ရဲ႕ အဆိုအရ ဖိလစ္ပိုင္ႏိုင္ငံဟာ Sidewinder ႏွင့္ Harpoon ဒုံးက်ည္မ်ားကိုလည္း လက္ခံရရွိလိမ့္မည္ ျဖစ္ပါတယ္။ အဆိုပါသေဘာတူညီခ်က္မွာေဒၚလာ ၂.၉ ဘီလီယံတန္ေၾကးရွိၿပီး ၎တြင္ F-16 ေလယာဥ္ တစ္ဒါဇင္ပါဝင္မွာပါ။

ပင္တဂြန္က ေျပာၾကားရာမွာေတာ့ ဖိလစ္ပိုင္ႏိုင္ငံဟာ Lockheed Martin ရဲ႕ F-16C Block 70/72 ေလယာဥ္ ၁၀ စီးႏွင့္ F-16D Block 70/72 ေလယာဥ္ ၂ စီးအား ေတာင္းဆိုခဲ့တယ္လို႔ ေျပာပါတယ္။

သေဘာတူညီခ်က္ရဲ႕ အခ်ိန္ဇယားကို မသတ္မွတ္ရေသးေသာ္လည္း ပင္တဂြန္က ေျပာၾကားရာမွာ‌‌ ၎သည္ဖိလစ္ပိုင္သို႔ ဒုံးက်ည္ႏွစ္စင္းေရာင္းခ်ရန္ျဖစ္ႏိုင္ေၾကာင္း ကြန္ဂရက္ကိုအေၾကာင္းၾကားခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Harpoon Air-Launched Block II ဒုံးက်ည္မ်ားကို Boeing မွထုတ္လုပ္ထားတာပါ။

ကာကြယ္ေရးဌာနက ေရာင္းခ်မႈဟာ မဟာဗ်ဴဟာေျမာက္မိတ္ဖက္မ်ား၏ လုံၿခဳံေရးကို တိုးတက္ေစရန္ကူညီျခင္းျဖစ္ၿပီး ဖိလစ္ပိုင္၏လက္ရွိႏွင့္အနာဂတ္ၿခိမ္းေျခာက္မႈမ်ားကို ေျဖရွင္းျခင္းျဖင့္ ႏိုင္ငံျခားေရးေပၚလစီႏွင့္အမ်ိဳးသားလုံၿခဳံေရးကို အေထာက္အကူျပဳလိမ့္မည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ဤအဆိုျပဳထားေသာ ေရာင္းခ်မႈ၏ ရလဒ္အေနျဖင့္ အေမရိကန္ရဲ႕ကာကြယ္ေရးအဆင္သင့္ျဖစ္မႈအေပၚ ဆိုးက်ိဳးသက္ေရာက္လိမ့္မည္မဟုတတ္‌ေၾကာင္းလဲ ကာကြယ္ေရးဌာနက ဆိုပါတယ္။

ဖိလစ္ပိုင္ဟာ ၾသဂုတ္လတြင္ သက္တမ္းကုန္ဆုံးမည့္ Visiting Forces Agreement (VFA) ကို အေစာပိုင္းကရပ္ဆိုင္းခဲ့ပါတယ္။

Crd : Knowledge Worm

Be the first to comment on "အမေရိကန် က ဖိလစ်ပိုင်ကို F-16 တိုက်လေယာဉ်များ၊ ဒုံးကျည်များရောင်းချမည်"

Leave a comment

Your email address will not be published.


*