မစ်ဆူဘီရှီကော်ပိုရေးရှင်းဟာ မြန်မာ့မီးရထား ကို ရထားတွဲသစ် ၂၄၆ တွဲရောင်းချဖို့စာချုပ်နှစ်ခုချုပ်ဆိုခဲ့တြာ ဖစ်ပြီး စီမံကိန်းနှစ်ခု အတွက် စာချုပ်တန်ဖိုးဟာဂျပန်ယန်း ၆၉ ဘီလျံ(ကန်ဒေါ်လာ ၆၆၃သန်း) တန်ဖိုးရှိ ရထားတွဲသစ်စုစုပေါင်း ၂၄၆ တွဲကို ရောင်းချပေးရမှာဖြစ်တယ်လို့ ဆို ပါတယ်။
————
မစ်ဆုဘီရှီ ကုမ္မဏီက မြန်မာ့မီးရထားဌာန နဲ့ စာချုပ်နှစ်ခုချုပ်ဆိုခဲ့ပြီလို့ ( ၈.၁၂.၂၀၂၀ ) ဒီကနေ့မှာ ထုတ်ဖော်ပြောဆိုလိုက် ပါတယ် ။
ဂျပန်အစိုးရ ရဲ့ အကူအညီနဲ့ အဆင့်မြှင့်တင်နေတဲ့ရန်ကုန်မြို့တွင်းရထားလမ်း နဲ့ ရန်ကုန်-မန္တလေးရထားလမ်းတွေမှာ စပိန်ထုတ်ရထားတွဲသစ်တွေနဲ့ပြေးဆွဲသွားမှာဖြစ်ပြီး အဲ့ဒီရထားတွဲသစ်တွေဝယ်ယူရေးအတွက် မစ်ဆူဘီရှီနဲ့မြန်မာ့မီးရထားတို့စာချုပ်ချုပ်ဆိုလိုက်တယ်လို့ Nikkei Asia ရဲ့သတင်းတစ်ပုဒ် မှာ ဖော်ပြထား ပါတယ်။
မစ်ဆူဘီရှီကော်ပိုရေးရှင်းဟာ မြန်မာ့မီးရထား ကို ရထားတွဲသစ် ၂၄၆ တွဲရောင်းချဖို့စာချုပ်နှစ်ခုချုပ်ဆိုခဲ့တာြ ဖစ်ပြီး စီမံကိန်းနှစ်ခု အတွက် စာချုပ်တန်ဖိုးဟာဂျပန်ယန်း ၆၉ ဘီလျံ(ကန်ဒေါ်လာ ၆၆၃သန်း) တန်ဖိုးရှိ ရထားတွဲသစ်စုစုပေါင်း ၂၄၆ တွဲကို ရောင်းချပေးရမှာဖြစ်တယ်လို့ ဆို ပါတယ်။
ဒီငွေကြေးကိုတော့ မြန်မာအစိုးရနဲ့ ဂျပန်အစိုး ရတို့ သဘော တူညီထား တဲ့နိုင်ငံတကာချေးငွေကနေ ပေးချေသွားမှာဖြစ်ပြီး ဒီရထားတွဲတွေဟာလည်းဂျပန်အစိုးရရဲ့ မြန်မာ့ရထားလမ်းကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှစ်ခုမှာမောင်းနှင်ဖို့အတွက်ဖြစ်တယ် လို့ ဆို ပါတယ်။
မစ်ဆူဘီရှီဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တွင်းပတ်လမ်းစီမံကိန်း အတွက် ရထားတွဲသစ် ၆၆ တွဲနဲ့ ရန်ကုန်-မန္တလေး ရထားလမ်းစီမံကိန်းမှာအသုံးပြုဖို့အတွက် ရထားတွဲသစ် ၁၈၀ ကို ရောင်းချပေးမှာဖြ စ်ပါတယ် ။
ရန်ကုန်-မန္တလေးရထားလမ်း စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်နဲ့အကြီးဆုံးမြို့တော် ရန်ကုန်၊ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးတို့ကို ဆက်သွယ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့တွင်းပတ်လမ်း ရထားလမ်း နဲ့ ရန်ကုန်-မန္တလေးရထားလမ်းတို့ကိုဂျပန်အစိုးရရဲ့ အကူအညီနဲ့ အဆင့်မြှင့်တင်နေပြီး အဆိုပါရထားတွဲသစ်တွေကိုအသုံးပြုမောင်းနှင်မယ်ဆိုရင် ယခင်က မြို့တွင်းပတ်လမ်း ကို မိနစ် ၁၇၀ ကြာမြင့်ချိန်ကနေ၁၁၀ ထိလျှော့ချနိုင်မယ်လို့ဆိုပြီး ရန်ကုန်-မန္တလေးရထားလမ်းအတွက်ကတော့ယခင်ကကြာမြင့်ချိန် ၁၅ နာရီကနေ ၈ နာရီထိလျှော့ချနိုင်မယ်လို့ ဆို ပါတယ် ။
ဒီရထားတွဲသစ်တွေကို စပိန်နိုင်ငံ၏ အကြီးဆုံးရထားတွဲ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ် သည့်CAF ကုမ္ပဏီက ဂျပန်ထုတ်စက်ပစ္စည်းကိရိယာအချို့ကိုအသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်သည့်အတွက် အဆိုပါရထားလမ်းများတွင် အရည်အသွေးကောင်းမွန်သည့် ရထားတွဲများဖြင့်ပြေးဆွဲ သွားနိုင်ရန် မျှော်လင့်ကြောင်း သိ ရသည် ။အဆိုပါတွဲသစ်များ ကို ၂၀၂၃ ခုနှစ် နဲ့ ၂၀၂၅ ခုနှစ်တွေမှာ မြန်မာနိုင်ငံကို အပြီးသတ်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
Be the first to comment on "ရန်ကုန်နဲ့ မန်းလေးသားတို့… နောက်ထပ်ဂုဏ်ယူဖွယ်ရာ စီမံကိန်းကြီး"