”UK နဲ့ အိန္ဒိယ ရေတပ် ဘင်္ဂလားပင်လယ်အော်မှာ စစ်ရေးလေ့ကျင့်”
(၂၅ ဇူလိုင် ၂၀၂၁)
UK တော်ဝင်ရေတပ်အုပ်စုက တိုက်ခိုက်ရေးနဲ့ ရေငုပ်သင်္ဘောကာကွယ်ရေးစစ်ရေယာဉ် HMS Richmond ဟာ ထိုင်းရေတပ်နဲ့ စစ်ရေးပူးတွဲလေ့ကျင့်ဖို့ မနေ့က ထိုင်းရေပိုင်နက်ကိုရောက်ရှိလာပြီလို့ UK တော်ဝင်ရေတပ်နဲ့ ထိုင်းတော်ဝင်ရေတပ်က သတင်းထုတ်ပြန်ပါတယ်။
HMS Rishmond ဟာ UK တော်ဝင်ရေတပ်ရဲ့အကြီးဆုံး ရေတပ်အုပ်စုဖြစ်တဲ့ လေယာဉ်တင်သင်င်္ဘော HMS Queen Elizabeth ရဲ့ရှေ့ပြေးတိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးစစ်သင်္ဘ်ောလို့ဆိုပါတယ်။
ထိုင်းရေပိုင်နက်မှာ ထိုင်းတော်ဝင်ရေတပ်က HTMS Kraburi စစ်သင်္ဘောက လာရောက်ကြိုဆိုရင်း စစ်ရေးအစမ်းလေ့ကျင့်မှုလုပ်ခဲ့တယ်လို့ UK တော်ဝင်ရေတပ်က သတင်းထုတ်ပြန်ပါတယ်။
HMS Richmond စစ်သင်္ဘောရဲ့အဓိကတာဝန်ဟာ ရေအောက်ရန်တွေကို ကာကွယ်တိုက်ခိုက်ရတာမို့ ထိုင်းတော်ဝင်ရေတပ်နဲ့ ရေအောက်ရန်သူရှာဖွေရေးနဲ့ ဖျက်ဆီးတိုက်ခိုက်ရေးကို ဦးစားပေးလေ့ကျင့်မယ့် အနေအထားလို့ ထိုင်းစစ်ရေးလေ့လာသူတွေက ပြောပါတယ်။
UK တော်ဝင်ရေတပ်အနေနဲ့ ထိုင်းရေပြင်မှာ စစ်ရေးလေ့ကျင့်တာ ဒါစာ ပထမဆုံးလို့ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ UKနိုင်ငံသား (၅) သောင်းခန့်နေထိုင်လုပ်ကိုင်နေသလို ထိုင်းနဲ့ UK (၂) နိုင်ငံစီးပွါးရေးဆက်ဆံမှုကလည်းတိုးလာနေတာမို့ ထိုင်းရဲ့လုံခြုံရေးနဲ့ဒေသတွင်းတည်ငြိမ်ရေးဟာ အရေးပါနေတယ်လို့ UK တော်ဝင်ရေတပ်ကပြောပါတယ်။
အင်ဒို ပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့တည်ငြိမ်ရေးဟာ UK အတွက်အရေးကြီးသလို ဒေသတွင်းက ပွင့်လင်းလွတ်လပ်တဲ့လူ့အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ဖို့ ကလည်း UK အတွက်အရေးပါတယ့် ကတိကဝတ်တွေလို့ UK တော်ဝငိရေတပ်ကပြောပါတယ်။
အင်ဒိုပစိဖိတ်ဒေသမှာ UK တော်ဝင်ရေတပ်က စစ်ရေယာဉ် (၂) စီး အမြဲ တမ်းတပ်စွဲနေရာချမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက UK ကာကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ သူပြောအပြီးမှာ ထိုင်းရေပြင်ကို HMS Richmond ရှေ့ပြေးသဘ်ောရောက်လာတာဖြစ်ပါတယ်။
မိခင်ရေတပ်အုပ်စုခေါင်းဆောင် လေယာဉ်တင်သင်္ဘောကြီး HMS Queen Elizabeth နဲ့ရေတပ်အုပ်စုဟာ လောလောဆယ် အိန္ဒိယရေတပ်နဲ့ဘင်္ဂလားပင်လယ်အော်မှာ စစ်ရေးလေ့ကျင့်နေပါတယ်။
HMS Queen Elizabeth ရေတပ်အုပ်စုမှာ ရေငုတ်သင်္ဘော (၂) စီး တိုက်ခိုက်ရေးရေယာဉ် (၁၀) စီး တိုက်လေယာဉ် အစီး (၂၀) နဲ့ ရေတပ်သား (၄) ထောင် ပါဝင်တယ်လို့ UK တော်ဝင်ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။
MaungOo
Be the first to comment on "UK တော်ဝင် ရေတပ်အုပ်စုက ရေငုတ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ် HMS Richmond ထိုင်းကိုရောက်နေ"