ကိုဗစ်ကို ရင်ဆိုင်တိုက်ထုတ်နိုင်ခဲ့တဲ့ အသက်၉၂နှစ်အရွယ် အဖိုးဦးဘမြင့်

ကိုဗစ်ကို ရင်ဆိုင်တိုက်ထုတ်နိုင်ခဲ့တဲ့အသက်၉၂နှစ်အရွယ်အဖိုးဦးဘမြင့်ပဲဖြစ်ပါတယ်။

“ကျွန်မတို့ မိသားစုရဲ့ရွှေတောင်ကြီး ကျွန်မရဲ့တဦးတည်းပဲကျန်တော့တဲ့ ယောက္ခမဖခင်ကြီး အသက်၉၂နှစ် ပါ။

ကိုဗစ်ရဲ့တိုက်ခိုက်မှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အားလုံး အိမ်ပြန်ရောက်ထဲကဒီအကြောင်းကိုရေးပြချင်ပေမဲ့ နောက်ဆက်တွဲကုသမှုတွေမျာ းရှိနိုင်မလား လို့စောင်ကြည့်နေခဲ့တာပါ။

မိသား၅ ယောက် ကိုဗစ်ထိတော့ အဖိုးလည်း ပုံကျသွားအောင် ခံလိုက်ရတယ်။ ကိုဗစ်.ကြောင့်ခံစားနေခဲ့ရတဲ့ ပြင်းထန်တဲ့အချေအနေကို မြေးဖြစ်သူ ကျွန်မသားကြီးရဲ့ အခုအချိန်အထိ ဖိဖိစီးစီး နေ့ညမနားတမ်း အပြုအစု အစောင့်အရှောက် ကောင်းခဲ့လို့ အသက်ရှည်ခွင့်ရခဲ့ပါပြီအဖိုး …. အသက်ရာကျော်ရှည်သည် အထိ ကျန်းမာပါစေရှင်..။

ကိုယ့်မှာရောဂါအခံကြီးလို့ အသက်ကြီးဆိုပြီး အားငယ် ကြောက်ရွံ့မနေ ကြပါနဲ့နော်.။ ကြိုးစားအားတင်း ကျော်ဖြတ်ကြမယ်” လို့ အဖိုးနဲ့ပတ်သက် လို့ မိသားစုဝင်တစ်ဦး က လူမူကွန်ယက် မှာ ရေးသားထားပါတယ်။

36Myanmar

———–






36Myanmar

Be the first to comment on "ကိုဗစ်ကို ရင်ဆိုင်တိုက်ထုတ်နိုင်ခဲ့တဲ့ အသက်၉၂နှစ်အရွယ် အဖိုးဦးဘမြင့်"

Leave a comment

Your email address will not be published.


*