Long Range
———–
မြောက်ကမ္ဘာခြမ်းရဲ့ အနောက်ပစိဖိတ်သမုဒ္ဒရာ ဖိလစ်ပိုင်ပင်လယ် တောင်တရုတ်ပင်လယ် ထိုင်းပင်လယ်ကွေ့ ကပ္ပလီပင်လယ် ဘင်္ဂလားပင်လယ်အော်တွေမှာ လေဖိအားနိမ့်ကျသွားနိုင်ပြီး လေဖိအားနည်းလေဝဲများ မုန်တိုင်းငယ်များ ဖြစ်လာနိုင်ပါတယ်။
အနောက် ပစိဖိတ်ပင်လယ်မှာ ဖြစ်လာနိုင်တဲ့ မုန်တိုင်းကလည်း Easterlies အရှေ့လေစီးကြောင်းက ၂၀၂၀ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အတွင်းမှာ ဖိလစ်ပိုင်ကနေ တောင်တရုတ်ပင်လယ်တောင်ပိုင်းမှ ထိုင်းပင်လယ်ကွေ့ မလေးရှားမြောက်ပိုင်း ထိုင်းတောင်ပိုင်းကနေ ကပ္ပလီပင်လယ် (Andaman Sea) ဘင်္ဂလားပင်လယ်အော်အထိ ခရီးရှည်ကြီးဆက်နိုင်ပါတယ်
မြန်မာနိုင်ငံမှာ ဖိအားမြင့်လေထုများရှိနေနိုင်လို့ မုန်တိုင်းဝင်ရောက်နိုင်တဲ့ အလားအလာတော့ နည်းပါတယ် မိုးအခြေအနေကတော့ အထက်လေစီးကြောင်းတွေကို မျက်ခြေမပြတ် ထောက်လှမ်းနေရတော့မယ် အချိန်ကာလဟု ဆိုရမှာပါပဲ…
Long Range
10/12/2020 at 12:29 pm (MMT) SU SU SAN
Be the first to comment on "ဒီဇင်ဘာလထဲမှာ မုန်တိုင်းတွေ လာဦးမည်"