အောက်ဆီဂျင်ရောင်းချခြင်းကို ရပ်ဆိုင်း . . ဆက်လက်တန်းစီနေပါက ဖမ်းဆီးမယ်လို့ခြိမ်းခြောက်

,‼️😪အောက်ဆီဂျင်ရောင်းချခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီလို့ တောင်ဥက္ကလာပက အောက်စီဂျင်စက်ရုံကြေညာ၊ ဆက်လက်တန်းစီနေပါက ဖမ်းဆီးမယ်လို့ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင်(၂၄)

ဆေးရုံကို ပေးပို့တဲ့ အိုးတွေမှအပ ကျန်အပြင်အိုးတွေ အောက်ဆီဂျင်ရောင်းချပေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ ရွှေပြည်ညွန့် အောက်စီဂျင်စက်ရုံက ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

“အောက်ဆီဂျင်ဖြည့်ဖို့တန်းစီနေတဲ့ လူတွေကို သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက အတင်းပြန်ခိုင်းနေတယ်။ သူတို့ပြောတဲ့ အတိုင်းမလုပ်ရင် ဖမ်းမယ်ဆိုပြီးလည်း ခြိမ်းခြောက်နေတယ်။

တကယ်လို့ ကိုယ်သဘောနဲ့ကို မပြန်ဘဲ ဆက်တန်းစီနေမယ်ဆို မာရှယ်လောအချိန်ရောက်တာနဲ့ ဖမ်းမယ်ဆိုပြီးပြောနေတယ်။” လို့ နေ့စဉ် အောက်ဆီဂျင်အခမဲ့ တန်းစီပေးနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

——–

,‼️😪ေအာက္ဆီဂ်င္ေရာင္းခ်ျခင္းကို ရက္အကန႔္အသတ္မရွိ ရပ္ဆိုင္းလိုက္ၿပီလို႔ ေတာင္ဥကၠလာပက ေအာက္စီဂ်င္စက္႐ုံေၾကညာ၊ ဆက္လက္တန္းစီေနပါက ဖမ္းဆီးမယ္လို႔ၿခိမ္းေျခာက္

ရန္ကုန္၊ ဇူလိုင္(၂၄)

ေဆး႐ုံကို ေပးပို႔တဲ့ အိုးေတြမွအပ က်န္အျပင္အိုးေတြ ေအာက္ဆီဂ်င္ေရာင္းခ်ေပးျခင္းကို ရက္အကန႔္အသတ္မရွိ ရပ္ဆိုင္းလိုက္ၿပီျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၈)ရပ္ကြက္၊ ေ႐ႊျပည္ၫြန႔္ ေအာက္စီဂ်င္စက္႐ုံက ဒီေန႔မွာ ေၾကညာလိုက္ပါတယ္။

“ေအာက္ဆီဂ်င္ျဖည့္ဖို႔တန္းစီေနတဲ့ လူေတြကို သူတို႔(စစ္ေကာင္စီတပ္ဖြဲ႕ဝင္)ေတြက အတင္းျပန္ခိုင္းေနတယ္။ သူတို႔ေျပာတဲ့ အတိုင္းမလုပ္ရင္ ဖမ္းမယ္ဆိုၿပီးလည္း ၿခိမ္းေျခာက္ေနတယ္။

တကယ္လို႔ ကိုယ္သေဘာနဲ႔ကို မျပန္ဘဲ ဆက္တန္းစီေနမယ္ဆို မာရွယ္ေလာအခ်ိန္ေရာက္တာနဲ႔ ဖမ္းမယ္ဆိုၿပီးေျပာေနတယ္။” လို႔ ေန႔စဥ္ ေအာက္ဆီဂ်င္အခမဲ့ တန္းစီေပးေနတဲ့ ျပည္သူတစ္ဦးက ေျပာပါတယ္။

Be the first to comment on "အောက်ဆီဂျင်ရောင်းချခြင်းကို ရပ်ဆိုင်း . . ဆက်လက်တန်းစီနေပါက ဖမ်းဆီးမယ်လို့ခြိမ်းခြောက်"

Leave a comment

Your email address will not be published.


*