ခင်ဗျားတို့ ထူးပြီး ပိုသေနေတာ မဟုတ်ပါဘူး။ (မင်းအောင်လှိုင်)
“ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကူးစက် ဖြစ်ပွားမှုတို့တွင် လူသေဆုံးမှု ၂% ကျော်ခန့်သာ ရှိခဲ့ပြီး လက်ရှိ ဖြစ်ပွားလျက်ရှိသည့် တတိယလှိုင်းတွင် ၂ ဒသမ ၃၄၆ % မျှသာ ရှိသည်ကို တွေ့ ရပါကြောင်း”
မင်းအောင်လှိုင်၊ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စတုတ္တမြောက် အစည်းအဝေး၊ ၂၀၂၁၊ ဇူလိုင် ၂၃၊ နေပြည်တော်။
ခင်ခင်ကြီးကပဲ ဂျင်း အထည့်တော်တာလား၊ မင်းအောင်လှိုင်ကပဲ ဂျင်းကြိုက်သလား မသိ၊ အဲလိုမျိုး ပြောနေပါတယ်။ ကဲ ကြည့်ကြရအောင်။
ကိုဗစ်နဲ့ ပတ်သက်ပြီး ဘယ်လောက် ရာခိုင်နှုန်း သေဆုံးတယ်ဆိုတာ ဘယ်လောက် ကုသ ပျောက်ကင်းတယ်(ဆေးရုံဆင်းတယ်) ဆိုတာနဲ့ ဘယ်လောက် သေတယ် ဆိုတာ အဲဒီ နှစ်မျိုးအပေါ် မူတည်ပြီး တွက်ရတာပါ။
အဲဒါကို ပိတ်သိမ်းလိုက်တဲ့ စာရင်းလို့ ခေါ်ပြီး လက်ရှိ ကုသမှုပေးနေရတဲ့ ပြန်ကောင်းမယ်၊ သေမယ် မသိရသေးတဲ့ Active လူနာတွေကို ထည့်ပြီး မထည့်တွက်ချက်ရပါဘူး။ အခု လောလောဆယ် စစ်ကောင်စီ လက်အောက် ကျန်းမာရေး ဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေနဲ့ပဲ အရင် တွက်ပြပါ့မယ်။
မင်းအောင်လှိုင် အာဏာ မသိမ်းခင် ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်နေ့အထိ (ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း) ကာလ၊ ကိုဗစ်ဖြစ်ပွားသူစုစုပေါင်း- ၁၃၉၈၆၄၊ ကုသပျောက်ကင်း ဆေးရုံဆင်းသူ- ၁၂၄၄၄၁၊ သေဆုံးသူ- ၃၁၂၅ ရှိတယ်။ ရောဂါ ပျောက်ကင်းသူ – ၉၇.၅၅%၊ သေဆုံးသူ – ၂.၄၄%။
မင်းအောင်လှိုင် အာဏာ သိမ်းပြီးနောက် ၂၀၂၁ ဖေ-၁ ရက်နေ့ကနေ ဇူလိုင် ၂၃ ည ၈နာရီအထိ (ကိုဗစ် တတိယလှိုင်း) ကာလ၊ ကိုဗစ်ဖြစ်ပွားသူစုစုပေါင်း- ၁၁၉၀၀၆၊ ကုသပျောက်ကင်း ဆေးရုံ ဆင်းသူ- ၅၂၅၈၀၊ သေဆုံးသူ- ၃၃၃၄ ရှိတယ်။ ရောဂါ ပျောက်ကင်းသူ – ၉၄.၀၆%၊ သေဆုံးသူ – ၅.၉၃%။
ဥပမာ- လူ ၁၀၀၀၀ ကိုဗစ် ဖြစ်တယ် ဆိုရင် ပထမလှိုင်း၊ ဒုတိယ လှိုင်းတုန်းက – ၂၄၄ ယောက်သေ။
မင်းအောင်လှိုင် လက်ထက်(တတိယလှိုင်း)မှာ – ၅၉၃ ယောက်သေ။မင်းအောင်လှိုင် လက်ထက်မှာ သေသူ ၂ဆခွဲနီးပါး ပိုများ၊ ၂၄၃% အထိ ဖြစ်လာ။
ဒါဟာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သူတို့ဖာသာ သူတို့ လိမ်လည်ပြီး ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့ပဲ တွက်ထားသေးတာ။ မင်းအောင်လှိုင် လက်ထက် ကိုဗစ်ကြောင့် အမှန်တကယ် လူဘယ်လောက် သေနေသလဲ ဆိုတဲ့ တကယ့်အဖြစ်မှန် ကိန်းဂဏန်းနဲ့ ဆက်ပြီး တွက်ပြဦးမယ်။
စည်သူအောင်မြင့်။
Zawgyi
ခင္ဗ်ားတို႔ ထူးၿပီး ပိုေသေနတာ မဟုတ္ပါဘူး။ (မင္းေအာင္လႈိင္)
“ကိုဗစ္ ပထမလႈိင္းႏွင့္ ဒုတိယလႈိင္း ကူးစက္ ျဖစ္ပြားမႈတို႔တြင္ လူေသဆုံးမႈ ၂% ေက်ာ္ခန္႔သာ ရွိခဲ့ၿပီး လက္ရွိ ျဖစ္ပြားလ်က္ရွိသည့္ တတိယလႈိင္းတြင္ ၂ ဒသမ ၃၄၆ % မွ်သာ ရွိသည္ကို ေတြ႕ ရပါေၾကာင္း”
မင္းေအာင္လႈိင္၊ ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး စတုတၱေျမာက္ အစည္းအေဝး၊ ၂၀၂၁၊ ဇူလိုင္ ၂၃၊ ေနျပည္ေတာ္။
ခင္ခင္ႀကီးကပဲ ဂ်င္း အထည့္ေတာ္တာလား၊ မင္းေအာင္လႈိင္ကပဲ ဂ်င္းႀကိဳက္သလား မသိ၊ အဲလိုမ်ိဳး ေျပာေနပါတယ္။ ကဲ ၾကည့္ၾကရေအာင္။
ကိုဗစ္နဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္ ရာခိုင္ႏႈန္း ေသဆုံးတယ္ဆိုတာ ဘယ္ေလာက္ ကုသ ေပ်ာက္ကင္းတယ္(ေဆး႐ုံဆင္းတယ္) ဆိုတာနဲ႔ ဘယ္ေလာက္ ေသတယ္ ဆိုတာ အဲဒီ ႏွစ္မ်ိဳးအေပၚ မူတည္ၿပီး တြက္ရတာပါ။
အဲဒါကို ပိတ္သိမ္းလိုက္တဲ့ စာရင္းလို႔ ေခၚၿပီး လက္ရွိ ကုသမႈေပးေနရတဲ့ ျပန္ေကာင္းမယ္၊ ေသမယ္ မသိရေသးတဲ့ Active လူနာေတြကို ထည့္ၿပီး မထည့္တြက္ခ်က္ရပါဘူး။ အခု ေလာေလာဆယ္ စစ္ေကာင္စီ လက္ေအာက္ က်န္းမာေရး ဌာနက ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြနဲ႔ပဲ အရင္ တြက္ျပပါ့မယ္။
မင္းေအာင္လႈိင္ အာဏာ မသိမ္းခင္ ၿပီးခဲ့တဲ့ ၂၀၂၁ ဇန္နဝါရီ ၃၁ ရက္ေန႔အထိ (ကိုဗစ္ ပထမလႈိင္း၊ ဒုတိယလႈိင္း) ကာလ၊ ကိုဗစ္ျဖစ္ပြားသူစုစုေပါင္း- ၁၃၉၈၆၄၊ ကုသေပ်ာက္ကင္း ေဆး႐ုံဆင္းသူ- ၁၂၄၄၄၁၊ ေသဆုံးသူ- ၃၁၂၅ ရွိတယ္။ ေရာဂါ ေပ်ာက္ကင္းသူ – ၉၇.၅၅%၊ ေသဆုံးသူ – ၂.၄၄%။
မင္းေအာင္လႈိင္ အာဏာ သိမ္းၿပီးေနာက္ ၂၀၂၁ ေဖ-၁ ရက္ေန႔ကေန ဇူလိုင္ ၂၃ ည ၈နာရီအထိ (ကိုဗစ္ တတိယလႈိင္း) ကာလ၊ ကိုဗစ္ျဖစ္ပြားသူစုစုေပါင္း- ၁၁၉၀၀၆၊ ကုသေပ်ာက္ကင္း ေဆး႐ုံ ဆင္းသူ- ၅၂၅၈၀၊ ေသဆုံးသူ- ၃၃၃၄ ရွိတယ္။ ေရာဂါ ေပ်ာက္ကင္းသူ – ၉၄.၀၆%၊ ေသဆုံးသူ – ၅.၉၃%။
ဥပမာ- လူ ၁၀၀၀၀ ကိုဗစ္ ျဖစ္တယ္ ဆိုရင္ ပထမလႈိင္း၊ ဒုတိယ လႈိင္းတုန္းက – ၂၄၄ ေယာက္ေသ။
မင္းေအာင္လႈိင္ လက္ထက္(တတိယလႈိင္း)မွာ – ၅၉၃ ေယာက္ေသ။မင္းေအာင္လႈိင္ လက္ထက္မွာ ေသသူ ၂ဆခြဲနီးပါး ပိုမ်ား၊ ၂၄၃% အထိ ျဖစ္လာ။
ဒါဟာ စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက သူတို႔ဖာသာ သူတို႔ လိမ္လည္ၿပီး ထုတ္ျပန္ထားတဲ့ အခ်က္ေတြနဲ႔ပဲ တြက္ထားေသးတာ။ မင္းေအာင္လႈိင္ လက္ထက္ ကိုဗစ္ေၾကာင့္ အမွန္တကယ္ လူဘယ္ေလာက္ ေသေနသလဲ ဆိုတဲ့ တကယ့္အျဖစ္မွန္ ကိန္းဂဏန္းနဲ႔ ဆက္ၿပီး တြက္ျပဦးမယ္။
စည္သူေအာင္ျမင့္။
Be the first to comment on "ခင်ဗျားတို့ ထူးပြီး ပိုသေနေတာ မဟုတ်ပါဘူး။"