အကျဉ်းထောင်တွေကို ဝင်ရောက်လေ့လာပြီး ကျန်းမာရေး အကူအညီပေးနိုင်ဖို့ ICRC က ကမ်းလှမ်းထား
အင်းစိန်အကျဉ်းထောင်အပါအဝင် အကျဉ်းထောင်တွေမှာ လူသားချင်းစာနာထောက်ထားမှု သက်သက်ဖြစ်တဲ့ သွားရောက်လေ့လာဖို့နဲ့ ကိုဗစ် ၁၉ ရောဂါနဲ့ အထွေထွေကျန်းမာရေးဆိုင်ရာ
အကူအညီတွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ကမ်းလှမ်းထားတယ်လို့ ICRC က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
အကျဉ်းထောင်တွေအပါအဝင် မြန်မာနိုင်ငံအတွင်း ကိုဗစ် ၁၉ ရောဂါကြောင့် ထိခိုက်ခံစားရမှု မြင့်တက်လာတဲ့အမှု စိုးရိမ်ကြောင်းလည်း ICRC ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ICRC က အကျဉ်းထောင်တွင်း လေ့လာမှုကို ကိုဗစ် ၁၉ ရောဂါ စတင်ဖြစ်ပွားချိန်ကစလို့ ရပ်တန့်ထားပြီး အခုလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်ဖို့ ထောင်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ICRC က ဆိုပါတယ်။
ကိုဗစ် ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ရှိနေတဲ့ အင်းစိန်အကျဉ်းထောင်အတွင်းမှာ ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေး အစီအမံတွေ တိုးမြှင့်ပေးဖို့အပါအဝင် အချက်တချို့ကို အကျဉ်းသားတွေက ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ထောင်တွင်းဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
Crd – မဇ္ဈိမ
——–
အက်ဥ္းေထာင္ေတြကို ဝင္ေရာက္ေလ့လာၿပီး က်န္းမာေရး အကူအညီေပးႏိုင္ဖို႔ ICRC က ကမ္းလွမ္းထား
အင္းစိန္အက်ဥ္းေထာင္အပါအဝင္ အက်ဥ္းေထာင္ေတြမွာ လူသားခ်င္းစာနာေထာက္ထားမႈ သက္သက္ျဖစ္တဲ့ သြားေရာက္ေလ့လာဖို႔နဲ႔ ကိုဗစ္ ၁၉ ေရာဂါနဲ႔ အေထြေထြက်န္းမာေရးဆိုင္ရာ
အကူအညီေတြ ေထာက္ပံ့ေပးႏိုင္ဖို႔အတြက္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ ICRC က ကမ္းလွမ္းထားတယ္လို႔ ICRC က ဒီကေန႔ သတင္းထုတ္ျပန္ထားပါတယ္။
အက်ဥ္းေထာင္ေတြအပါအဝင္ ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ ထိခိုက္ခံစားရမႈ ျမင့္တက္လာတဲ့အမႈ စိုးရိမ္ေၾကာင္းလည္း ICRC ရဲ႕ ထုတ္ျပန္ခ်က္က ဆိုပါတယ္။
ICRC က အက်ဥ္းေထာင္တြင္း ေလ့လာမႈကို ကိုဗစ္ ၁၉ ေရာဂါ စတင္ျဖစ္ပြားခ်ိန္ကစလို႔ ရပ္တန႔္ထားၿပီး အခုလုပ္ငန္းေတြကို ျပန္လည္လုပ္ေဆာင္ဖို႔ ေထာင္အာဏာပိုင္ေတြနဲ႔ ေဆြးေႏြးေနတယ္လို႔လည္း ICRC က ဆိုပါတယ္။
ကိုဗစ္ ၁၉ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈေတြ ရွိေနတဲ့ အင္းစိန္အက်ဥ္းေထာင္အတြင္းမွာ ကိုဗစ္ ၁၉ ေရာဂါ ထိန္းခ်ဳပ္ေရး အစီအမံေတြ တိုးျမႇင့္ေပးဖို႔အပါအဝင္ အခ်က္တခ်ိဳ႕ကို အက်ဥ္းသားေတြက ဇူလိုင္လ ၂၃ ရက္ေန႔ မနက္ပိုင္းမွာ ေထာင္တြင္းဆႏၵျပ ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။
Crd – မဇၩိမ
Be the first to comment on "အကျဉ်းထောင်တွေကို ဝင်ရောက်လေ့လာပြီး ကျန်းမာရေး အကူအညီပေးနိုင်ဖို့ ICRC က ကမ်းလှမ်းထား"