ကိုဗစ်လက္ခဏာ ပြင်းထန်လူနာတွေကို လက်ခံ မစစ်ပေးနိုင်သေးဘူးလို့ နေပြည်တော် စည်ပင်ထုတ်ပြန်

ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါ သံသယလက္ခဏာပြ ပြင်းထန်လူနာတွေကို လောလောဆယ်မှာ လက်ခံစစ်ဆေး မပေးနိုင်သေးဘူးလို့ စစ်ကောင်စီလက်အောက်ခံ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ဒီကနေ့ထုတ်ပြန်ထားပါတယ်။

နေပြည်တော် လယ်ဝေးအားကစားရုံမှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်ရောဂါ စစ်ဆေးရေးစင်တာမှာ ဇူလိုင်လ ၂၀ ရက်နေ့က စတင်ကာ ကိုဗစ်ပိုးကူးစက်ခံထားရတာ ရှိမရှိ စစ်ဆေးပေးနေတာဖြစ်ပြီး သံသယလက္ခဏာ (သာမန်) ရှိသူတွေ လာရောက်စစ်ဆေးနိုင်တယ်လို့ ဆိုထားပါတယ်။

“အလွန်အမင်းမောကြပ်၊ ပြင်းထန်လူနာတွေ လောလောဆယ်လက်ခံစစ်မပေးနိုင်သေးပါ” လို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုဗစ်လူနာတွေ ဆေးရုံမသွားဘဲ အိမ်မှာကြိတ်ကုနေရင် ရောဂါအတိမ်အနက်ကို မသိဘဲ အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ဆေးရုံတက်ကြဖို့ မနေ့က ည ၈ နာရီ မြဝတီသတင်းမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ကူးစက်ပျံ့ပွားမှုနှုန်း များပြားနေပြီး စစ်ကောင်စီရဲ့ ကိုဗစ်ထိန်းချုပ်မှု မထိရောက်တာအပါအဝင် အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် နေ့စဉ်လူရာနဲ့ချီ သေဆုံးနေပါတယ်။

Credit : Mizzima

———-

ကိုဗစ္ ၁၉ ကူးစက္ျမန္ေရာဂါ သံသယလကၡဏာျပ ျပင္းထန္လူနာေတြကို ေလာေလာဆယ္မွာ လက္ခံစစ္ေဆး မေပးႏိုင္ေသးဘူးလို႔ စစ္ေကာင္စီလက္ေအာက္ခံ ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီက ဒီကေန႔ထုတ္ျပန္ထားပါတယ္။

ေနျပည္ေတာ္ လယ္ေဝးအားကစား႐ုံမွာ ဖြင့္လွစ္ထားတဲ့ ကိုဗစ္ေရာဂါ စစ္ေဆးေရးစင္တာမွာ ဇူလိုင္လ ၂၀ ရက္ေန႔က စတင္ကာ ကိုဗစ္ပိုးကူးစက္ခံထားရတာ ရွိမရွိ စစ္ေဆးေပးေနတာျဖစ္ၿပီး သံသယလကၡဏာ (သာမန္) ရွိသူေတြ လာေရာက္စစ္ေဆးႏိုင္တယ္လို႔ ဆိုထားပါတယ္။

“အလြန္အမင္းေမာၾကပ္၊ ျပင္းထန္လူနာေတြ ေလာေလာဆယ္လက္ခံစစ္မေပးႏိုင္ေသးပါ” လို႔ ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီက အသိေပးထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေတာ့ ကိုဗစ္လူနာေတြ ေဆး႐ုံမသြားဘဲ အိမ္မွာႀကိတ္ကုေနရင္ ေရာဂါအတိမ္အနက္ကို မသိဘဲ အႏၲရာယ္ျဖစ္ႏိုင္တဲ့အတြက္ က်န္းမာေရးစစ္ေဆးမႈ ခံယူၿပီး ေဆး႐ုံတက္ၾကဖို႔ မေန႔က ည ၈ နာရီ ျမဝတီသတင္းမွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ တတိယလႈိင္းအတြင္း ကူးစက္ပ်ံ႕ပြားမႈႏႈန္း မ်ားျပားေနၿပီး စစ္ေကာင္စီရဲ႕ ကိုဗစ္ထိန္းခ်ဳပ္မႈ မထိေရာက္တာအပါအဝင္ ေအာက္ဆီဂ်င္ျပတ္လတ္မႈေၾကာင့္ ေန႔စဥ္လူရာနဲ႔ခ်ီ ေသဆုံးေနပါတယ္။

Credit : Mizzima

Be the first to comment on "ကိုဗစ်လက္ခဏာ ပြင်းထန်လူနာတွေကို လက်ခံ မစစ်ပေးနိုင်သေးဘူးလို့ နေပြည်တော် စည်ပင်ထုတ်ပြန်"

Leave a comment

Your email address will not be published.


*