ဦးကျော်သူ မိုးပေါ်ရောက်တော့မည်




————-

အောင်ပန်းမြို့ရှိ နာရေးကူညီမှုအသင်း(အောင်ပန်း) ၏ (၅) နှစ်ပြည့်အထိမ်းအမှတ် နှင့် ဦးကျော်သူ ၏ အသက်(၆၁) နှစ်ပြည့် အမှတ်တရ အဖြစ် ဦးကျော်သူ ပုံတူပန်းချီဒီဇိုင်းရေးဆွဲထားသည့် မီးပုံးပျံကြီးကို အောင်ပန်းမြို့ရှိ (၁၀၈)တောင် စေတီတော်ကြီးကုန်းတော် ပေါ် တွင်

ဒီဇင်ဘာလ ၁၀ ရက် ညဖက်တွင်လွှတ်တင်မည် ဖြစ်ကြောင်းရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ နာရေးကူညီမှုအသင်း၏သတင်းပို့ချက်အပေါ် ဦးကျော်သူက ယင်း၏ လူမှုကွန်ရက်တွင်ရေးသားထားသည်။

ဦးကျော်သူက “ကျော်သူ မိုးပေါ်ရောက်တော့မည်”ဟုရေးသားထားပြီး လွှတ်တင်မည့် မီးပုံးပျံကြီးကိုစမ်းသပ်မှိုင်းတိုက်နေသည့်ပုံကိုလည်း ဖော်ပြထားသည်ကိုတွေ့ရသည်။

Be the first to comment on "ဦးကျော်သူ မိုးပေါ်ရောက်တော့မည်"

Leave a comment

Your email address will not be published.


*