အသေးစားချေးငွေ ချထားပေးဖို့ စီစဉ်နေတယ်လို့ အတိုင်ပင်ခံပြော

စီးပြားေရးလုပ္ဖို႔ ေခ်းေငြလိုအပ္ေနတဲ့ ျပည္သူေတြကို အေသးစားေခ်းေငြေတြ ေပးႏိုင္ဖို႔ စီစဥ္ေနၿပီး လာမယ့္ ႏွစ္ပတ္၊ သုံးပတ္အတြင္း ေခ်းေငြခ်ထားေပးမယ့္ အစီစဥ္ေတြကို ျပည္သူေတြထံ ခ်ျပႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏိုဝင္ဘာလ ၁၆ ရက္ေန႔ည မိန႔္ခြန္းမွာ ထည့္သြင္း ေျပာခဲ့ပါတယ္။

ျပည္သူေတြဟာ အဖြဲ႕အစည္းေတြဆီကေန အေသးစားေခ်းေငြေတြေခ်းယူၿပီး ကိုဗစ္ ကာလမွာ ျပန္မဆပ္ႏိုင္လို႔ ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတယ္ဆိုတာကို ၾကားသိရတယ္လို႔ သူကေျပာပါတယ္။

ဒီျပႆနာကို ေျဖရွင္းႏိုင္ဖို႔ အစိုးရအေနနဲ႔ အေသးစားေငြေခ်းအဖြဲ႕၊ အဖြဲ႕အစည္းေတြနဲ႔ ညႇိၿပီး ျပည္သူေတြရဲ႕ ေႂကြးက်န္ေတြ ဆပ္ခ်ိန္ ဆိုင္းငံ့ေပးဖို႔ အစီစဥ္ေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

ေငြေၾကးနဲ႔ အရင္းအျမစ္အရ ေႂကြးဆပ္ခ်ိန္ ဆိုင္းငံ့ေပးေရးမွာ တစ္တိုင္းျပည္လုံးကို ကူညီေပးႏိုင္မွာ မဟုတ္ ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းမ်ားၿပီး လူဦးေရမ်ားတဲ့ ရခိုင္ျပည္နယ္၊ ပဲခူးတိုင္းနဲ႔ ရန္ကုန္တိုင္းေတြမွာ ကူညီႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

ျပည္သူေတြအေနနဲ႔ ႏွစ္ေနရာ၊ သုံးေနရာမွာ ေငြေခ်းတာၿပီး ေႂကြးပိေနၾကတာေတြ ရွိေၾကာင္းနဲ႔ ဒီလိုမလုပ္ဖို႔ ကိုလည္း အတိုင္ပင္ခံက ေမတၱာရပ္ခံလိုက္ပါတယ္။

( ပုံစာ- မေကြးတိုင္းအတြင္းက ပဲေႁခြေလွ႔စက္ လုပ္ငန္းလုပ္ကိုင္ေနတဲ့ ပဲေတာင္သူတစ္ဦးကို ေတြ႕ရစဥ္ )

……………….

စီးပွားရေးလုပ်ဖို့ ချေးငွေလိုအပ်နေတဲ့ ပြည်သူတွေကို အသေးစားချေးငွေတွေ ပေးနိုင်ဖို့ စီစဉ်နေပြီး လာမယ့် နှစ်ပတ်၊ သုံးပတ်အတွင်း ချေးငွေချထားပေးမယ့် အစီစဉ်တွေကို ပြည်သူတွေထံ ချပြနိုင်ဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၆ ရက်နေ့ည မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။

ပြည်သူတွေဟာ အဖွဲ့အစည်းတွေဆီကနေ အသေးစားချေးငွေတွေချေးယူပြီး ကိုဗစ် ကာလမှာ ပြန်မဆပ်နိုင်လို့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို ကြားသိရတယ်လို့ သူကပြောပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အစိုးရအနေနဲ့ အသေးစားငွေချေးအဖွဲ့၊ အဖွဲ့အစည်းတွေနဲ့ ညှိပြီး ပြည်သူတွေရဲ့ ကြွေးကျန်တွေ ဆပ်ချိန် ဆိုင်းငံ့ပေးဖို့ အစီစဉ်တွေကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ငွေကြေးနဲ့ အရင်းအမြစ်အရ ကြွေးဆပ်ချိန် ဆိုင်းငံ့ပေးရေးမှာ တစ်တိုင်းပြည်လုံးကို ကူညီပေးနိုင်မှာ မဟုတ် ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများပြီး လူဦးရေများတဲ့ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ကူညီနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ နှစ်နေရာ၊ သုံးနေရာမှာ ငွေချေးတာပြီး ကြွေးပိနေကြတာတွေ ရှိကြောင်းနဲ့ ဒီလိုမလုပ်ဖို့ ကိုလည်း အတိုင်ပင်ခံက မေတ္တာရပ်ခံလိုက်ပါတယ်။

( ပုံစာ- မကွေးတိုင်းအတွင်းက ပဲခြွေလှေ့စက် လုပ်ငန်းလုပ်ကိုင်နေတဲ့ ပဲတောင်သူတစ်ဦးကို တွေ့ရစဉ် )

Be the first to comment on "အသေးစားချေးငွေ ချထားပေးဖို့ စီစဉ်နေတယ်လို့ အတိုင်ပင်ခံပြော"

Leave a comment

Your email address will not be published.


*