ကိုဗစ်-၁၉ ရောဂါ ပထမဆုံးကူးစက်ဖြစ်ပွားခဲ့သည့် ဝူဟန်မြို့၊ ပုံမှန်အခြေအနေပြန်ဖြစ်

ကမာၻမွာ ကိုဗစ္-၁၉ ကပ္ေရာဂါကူးစက္မႈ တစ္ႏွစ္နီးပါးအၾကာမွာေတာ့ ပထမဆုံးကူးစက္မႈ ျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဝူဟန္ၿမိဳ႕က ေန႔စဥ္ဘဝေတြဟာ ပုံမွန္အတိုင္း ျပန္ျဖစ္ေနပါၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ပထမဆုံးေတြ႕ရွိရတယ္လို႔ ယူဆရတဲ့ ဝူဟန္ၿမိဳ႕ ပင္လယ္စာေဈး တစ္ခုမွာလည္း ရာနဲ႔ခ်ီတဲ့ ေဈးဝယ္သူေတြ ပ်ားပန္းခပ္ေနပါတယ္။

အဲဒီေဈးမွာ ႏွာေခါင္းစည္းတပ္မထားတဲ့ ငါးသည္တစ္ဦးကလည္း “ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ျပည္အလယ္ပိုင္းက လာတာမဟုတ္ဘဲ တျခားတစ္ေယာက္က ယူလာတယ္ မထင္ဘူးလား” လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

ဝူဟန္ၿမိဳ႕မွာ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ အဆုတ္ေရာင္ေရာဂါကူးစက္သူ ၂၇ ေယာက္ ေတြ႕တယ္ဆိုၿပီး တ႐ုတ္အစိုးရက ကမာၻ႔က်န္းမာေရးအဖြဲ႕ကို ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၃၁ ရက္မွာ သတိေပးခဲ့ပါတယ္။

ဒီႏွစ္ဆန္းပိုင္းမွာေတာ့ ဝူဟန္ တာဝန္ရွိသူေတြက တင္းက်ပ္တဲ့ ၇၆ ရက္တာ ေလာ့ေဒါင္းကို အျမန္ခ်မွတ္ခဲ့ပါတယ္။ အဲဒီေနာက္ ကူးစက္မႈက အျမန္တိုးလာခဲ့ၿပီး ကူးစက္သူ ၅၀,၀၀၀ အထိ ရွိလာခဲ့ပါတယ္။

လူဦးေရ ၁၁ သန္း ရွိတဲ့ ဝူဟန္ၿမိဳ႕မွာ ေသဆုံးသူ ၄,၀၀၀ နီးပါး ရွိခဲ့ပါတယ္။ ဒါေပမဲ့ တင္းက်ပ္တဲ့ အစီအမံေတြေၾကာင့္ အက်ိဳးမ်ားခဲ့ပါတယ္။ ၇ လအတြင္း ဝူဟန္မွာ ျပည္တြင္း အသစ္ကူးစက္မႈ မျဖစ္ခဲ့ပါဘူး။

အခုဆိုရင္ ဝူဟန္ဟာ ေဈးဝယ္သူေတြနဲ႔ စည္ကားေနတဲ့ တျခား တ႐ုတ္ၿမိဳ႕ေတြနဲ႔ ခြဲျခားမရေတာ့ပါဘူး။

“အားလုံးဟာ တကိုယ္ေရလုံၿခဳံေရးကို ၾကပ္မတ္ၾကၿပီး အျပင္ထြက္တိုင္း ႏွာေခါင္းစည္း အၿမဲတပ္ၾကတယ္”လို႔ ဝူဟန္ၿမိဳ႕ခံတစ္ဦးက ႐ိုက္တာကို ေျပာပါတယ္။

———

ကမ္ဘာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု တစ်နှစ်နီးပါးအကြာမှာတော့ ပထမဆုံးကူးစက်မှု ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က နေ့စဉ်ဘဝတွေဟာ ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့ရှိရတယ်လို့ ယူဆရတဲ့ ဝူဟန်မြို့ ပင်လယ်စာဈေး တစ်ခုမှာလည်း ရာနဲ့ချီတဲ့ ဈေးဝယ်သူတွေ ပျားပန်းခပ်နေပါတယ်။

အဲဒီဈေးမှာ နှာခေါင်းစည်းတပ်မထားတဲ့ ငါးသည်တစ်ဦးကလည်း “ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ပြည်အလယ်ပိုင်းက လာတာမဟုတ်ဘဲ တခြားတစ်ယောက်က ယူလာတယ် မထင်ဘူးလား” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကူးစက်သူ ၂၇ ယောက် တွေ့တယ်ဆိုပြီး တရုတ်အစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ သတိပေးခဲ့ပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာတော့ ဝူဟန် တာဝန်ရှိသူတွေက တင်းကျပ်တဲ့ ၇၆ ရက်တာ လော့ဒေါင်းကို အမြန်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ကူးစက်မှုက အမြန်တိုးလာခဲ့ပြီး ကူးစက်သူ ၅၀,၀၀၀ အထိ ရှိလာခဲ့ပါတယ်။

လူဦးရေ ၁၁ သန်း ရှိတဲ့ ဝူဟန်မြို့မှာ သေဆုံးသူ ၄,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ ဒါပေမဲ့ တင်းကျပ်တဲ့ အစီအမံတွေကြောင့် အကျိုးများခဲ့ပါတယ်။ ၇ လအတွင်း ဝူဟန်မှာ ပြည်တွင်း အသစ်ကူးစက်မှု မဖြစ်ခဲ့ပါဘူး။

အခုဆိုရင် ဝူဟန်ဟာ ဈေးဝယ်သူတွေနဲ့ စည်ကားနေတဲ့ တခြား တရုတ်မြို့တွေနဲ့ ခွဲခြားမရတော့ပါဘူး။

“အားလုံးဟာ တကိုယ်ရေလုံခြုံရေးကို ကြပ်မတ်ကြပြီး အပြင်ထွက်တိုင်း နှာခေါင်းစည်း အမြဲတပ်ကြတယ်”လို့ ဝူဟန်မြို့ခံတစ်ဦးက ရိုက်တာကို ပြောပါတယ်။

Be the first to comment on "ကိုဗစ်-၁၉ ရောဂါ ပထမဆုံးကူးစက်ဖြစ်ပွားခဲ့သည့် ဝူဟန်မြို့၊ ပုံမှန်အခြေအနေပြန်ဖြစ်"

Leave a comment

Your email address will not be published.


*