ဒီ႐ိုင္ဒါကို စိန္ေခၚႏိုင္မည့္သူအား ONE CHAMPIONSHIP ထုတ္ျပန္

ONE Championship အဖြဲ႕အစည္းသည္ ခ်န္ပီယံအသစ္ေပၚထြက္ခဲ့သည့္ မစ္ ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါအား စိန္ေခၚႏိုင္သည့္ ကစားသမားမ်ားအား ထုတ္ျပန္ရာတြင္ ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္ ပါ ဝင္လာေၾကာင္း သိရသည္။ေအာက္တိုဘာ ၃၀ ရက္က စင္ကာပူႏိုင္ငံ၌ က်င္းပသည့္ Inside The matrix ၿပိဳင္ပြဲအၿပီးတြင္ ONE Championship အေနျဖင့္ ခ်န္ပီယံသစ္ျဖစ္ခဲ့ေသာ ကစားသမားမ်ား၊ ခ်န္ပီယံဆုကာကြယ္ႏိုင္သည့္ ကစားသမားမ်ားအတြက္ လာမည့္ပြဲတြင္ ထိုးသတ္ႏိုင္သည့္ ကစားသမားမ်ားအား ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ယင္းၿပိဳင္ပြဲတြင္ ကမာၻ႔ခ်န္ပီယံလုပြဲေလးပြဲ ထည့္သြင္းက်င္းပခဲ့ၿပီး အမ်ိဳးသမီး စထေရာဝိတ္တန္းတြင္ ေရွာင္က်န္နန္၊ အမ်ိဳးသားလိုက္ဝိတ္တန္းတြင္ ခရစၥတီယန္လီတို႔သာ ခ်န္ပီယံဆုကာကြယ္ႏိုင္ခဲ့ၿပီး အမ်ိဳးသားမစ္ဒယ္ဝိတ္တန္းႏွင့္ ဖယ္သာဝိတ္တန္းတို႔တြင္ ခ်န္ပီယံအသစ္မ်ား ထြက္ေပၚခဲ့သည္။ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲအျဖစ္ စိန္ေခၚသူ ဒီရစ္ဒါႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ ပထမအခ်ီ သုံးမိနစ္ ၂၆ စကၠန႔္တြင္ ခ်ဳပ္ကြက္မိၿပီး အေရးနိမ့္ခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ONEChampionship သည္ ဒီရစ္ဒါ၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုအား စိန္ေခၚႏိုင္သည့္ ကစားသမားမ်ားအား ထုတ္ျပန္ခဲ့ရာ ခ်န္ပီယံေဟာင္းမ်ား ျဖစ္သည့္ ေအာင္လအန္ဆန္ (ျမန္မာ)ႏွင့္ ဘစ္ဒက္ရွ္ (ရရွား)တို႔အျပင္ ဘရာဇီးလ္ကစားသမား လီအန္ဒ႐ိုလည္း ပါဝင္လာသည္။ေအာင္လအန္ဆန္သည္ လက္လႊတ္ခဲ့ရသည့္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို ျပန္လည္ရယူသြားမည္ျဖစ္ေၾကာင္း ကတိေပး ေျပာၾကားထားၿပီး မၾကာမီျပန္လည္စိန္ေခၚ ခြင့္ရရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

သို႔ေသာ္ ေအာင္လအန္ဆန္အေနျဖင့္ ခ်န္ပီယံဆုအား ျပန္လည္စိန္ေခၚႏိုင္ရန္ ခ်န္ပီယံေဟာင္း ဗစ္တာလီဘစ္ဒက္ရွ္ႏွင့္ ဦးစြာထိုးသတ္ရဖြယ္ရွိေၾကာင္း အရိပ္အႁမြတ္ေျပာၾကားထားသည္။ ေအာင္လအန္ဆန္သည္ ONE မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို ၂၀၁၇ ခုႏွစ္ ဇြန္လတြင္ ႐ုရွားႏိုင္ငံသား ဗစ္တာလီဘစ္ဒက္ရွ္ကို အမွတ္ျဖင့္အႏိုင္ယူၿပီး ရရွိခဲ့ျခင္းျဖစ္သည္။ ခ်န္ပီယံျဖစ္ၿပီး သုံးႏွစ္ေက်ာ္ကာလအတြင္း ခ်န္ပီယံကာကြယ္ပြဲမ်ား ထိုးသတ္ရာတြင္ေလးပြဲေျမာက္မွ ရႈံးပြဲႀကဳံေတြ႕ခဲ့ျခင္းျဖစ္သည္။

‌ေအာင္လအန္ဆန္သည္ ယခုႏွစ္အတြင္း တစ္ပြဲသာထိုးသတ္ရေသးၿပီး လာမည့္ပြဲကို ယခုႏွစ္အတြင္း ထိုးသတ္ရျခင္းမရွိပါက လာမည့္ႏွစ္ဆန္းပိုင္းတြင္ ထိုးသတ္ရဖြယ္ရွိေနသည္။ ONE Championship သည္ ေအာင္လအန္ဆန္၏ပြဲစဥ္မ်ားႏွင့္ ပတ္သက္၍ ထပ္မံထုတ္ျပန္မည္ျဖစ္ၿပီး လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံကာကြယ္ပြဲထက္ မစ္ဒယ္ဝိတ္တန္း စိန္ေခၚပြဲမ်ားသာ ထိုးသတ္ရဖြယ္ရွိေနသည္။

———-

ONE Championship အဖွဲ့အစည်းသည် ချန်ပီယံအသစ်ပေါ်ထွက်ခဲ့သည့် မစ် ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါအား စိန်ခေါ်နိုင်သည့် ကစားသမားများအား ထုတ်ပြန်ရာတွင် မြန်မာ MMA ကစားသမား အောင်လအန်ဆန် ပါ ဝင်လာကြောင်း သိရသည်။အောက်တိုဘာ ၃၀ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Inside The matrix ပြိုင်ပွဲအပြီးတွင် ONE Championship အနေဖြင့် ချန်ပီယံသစ်ဖြစ်ခဲ့သော ကစားသမားများ၊ ချန်ပီယံဆုကာကွယ်နိုင်သည့် ကစားသမားများအတွက် လာမည့်ပွဲတွင် ထိုးသတ်နိုင်သည့် ကစားသမားများအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံလုပွဲလေးပွဲ ထည့်သွင်းကျင်းပခဲ့ပြီး အမျိုးသမီး စထရောဝိတ်တန်းတွင် ရှောင်ကျန်နန်၊ အမျိုးသားလိုက်ဝိတ်တန်းတွင် ခရစ္စတီယန်လီတို့သာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ပြီး အမျိုးသားမစ်ဒယ်ဝိတ်တန်းနှင့် ဖယ်သာဝိတ်တန်းတို့တွင် ချန်ပီယံအသစ်များ ထွက်ပေါ်ခဲ့သည်။မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် စိန်ခေါ်သူ ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီ သုံးမိနစ် ၂၆ စက္ကန့်တွင် ချုပ်ကွက်မိပြီး အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ONEChampionship သည် ဒီရစ်ဒါ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား စိန်ခေါ်နိုင်သည့် ကစားသမားများအား ထုတ်ပြန်ခဲ့ရာ ချန်ပီယံဟောင်းများ ဖြစ်သည့် အောင်လအန်ဆန် (မြန်မာ)နှင့် ဘစ်ဒက်ရှ် (ရရှား)တို့အပြင် ဘရာဇီးလ်ကစားသမား လီအန်ဒရိုလည်း ပါဝင်လာသည်။အောင်လအန်ဆန်သည် လက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူသွားမည်ဖြစ်ကြောင်း ကတိပေး ပြောကြားထားပြီး မကြာမီပြန်လည်စိန်ခေါ် ခွင့်ရရန် မျှော်မှန်းထားကြောင်း သိရသည်။

သို့သော် အောင်လအန်ဆန်အနေဖြင့် ချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရန် ချန်ပီယံဟောင်း ဗစ်တာလီဘစ်ဒက်ရှ်နှင့် ဦးစွာထိုးသတ်ရဖွယ်ရှိကြောင်း အရိပ်အမြွတ်ပြောကြားထားသည်။ အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ယူပြီး ရရှိခဲ့ခြင်းဖြစ်သည်။ ချန်ပီယံဖြစ်ပြီး သုံးနှစ်ကျော်ကာလအတွင်း ချန်ပီယံကာကွယ်ပွဲများ ထိုးသတ်ရာတွင်လေးပွဲမြောက်မှ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

‌အောင်လအန်ဆန်သည် ယခုနှစ်အတွင်း တစ်ပွဲသာထိုးသတ်ရသေးပြီး လာမည့်ပွဲကို ယခုနှစ်အတွင်း ထိုးသတ်ရခြင်းမရှိပါက လာမည့်နှစ်ဆန်းပိုင်းတွင် ထိုးသတ်ရဖွယ်ရှိနေသည်။ ONE Championship သည် အောင်လအန်ဆန်၏ပွဲစဉ်များနှင့် ပတ်သက်၍ ထပ်မံထုတ်ပြန်မည်ဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲထက် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲများသာ ထိုးသတ်ရဖွယ်ရှိနေသည်။

Be the first to comment on "ဒီ႐ိုင္ဒါကို စိန္ေခၚႏိုင္မည့္သူအား ONE CHAMPIONSHIP ထုတ္ျပန္"

Leave a comment

Your email address will not be published.


*