ဘာနည္းပညာ အကူအညီ မွမပါပဲ ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကို လက္နဲ႔သာ ထြင္းထုပုံေဖာ္ထားတဲ့ ေ႐ႊဘေတာင္
ဘာနည္းပညာ အကူအညီ မွမပါပဲ ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကို လက္နဲ႔သာ ထြင္းထုပုံေဖာ္ထားတဲ့ ေ႐ႊဘေတာင္
ႏွစ္ေပါင္း ၉၀၀ တိုင္ေအာင္ ခမ္းခမ္းနားနား တည္ရွိ ေနဆဲ ျဖစ္တဲ့ မုံ႐ြာၿမိဳ႕ရဲ႕ ေ႐ႊဘေတာင္ ေက်ာက္ေစတီေတြ၊ ေက်ာက္ လႈိင္ဂူေတြ၊ ေက်ာက္ေလွကားေတြ၊ ေက်ာက္ဆင္႐ုပ္ေတြႏွင့္ ေက်ာက္ပန္ပုေတြႏွင့္ ခမ္းနားစြာ တည္ရွိေနတဲ့ ေ႐ႊဘေတာင္
ေနာင္တခ်ိန္ သြားေရာက္ ေလ့လာ လည္ပတ္ဖို႔ ႏွလုံးသားထဲ ေတးမွတ္ထား ရမယ့္ ေ႐ႊဘေတာင္ ရဲ႕ တည္ေနရာ က မုံ႐ြာျမိဳ႔အေနာက္ဘက္ တစ္ဘက္ကမ္း စစ္ကိုင္းတိုင္၊ယင္းမာပင္ ခ႐ိုင္၊ ဆားလင္းႀကီး ၿမိဳ႕နယ္ အတြင္းမွာ တည္ရိွျပီး ဖိုးဝင္းေတာင္ဘက္ကို သြားတဲ့လမ္းေတြ ေက်ာ္ၿပီးမွ ေရာက္တဲ့ေနရာေလး ျဖစ္ပါတယ္။မုံရြာျမိဳ့နဲ့ ၁၅ မိုင္ခန့္သာ ေ၀းပါတယ္။
အံၾသရ ပါေပတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ဒီလိုေနရာ ရွိေနတယ္ဆိုတာ သိရေတာ့ အလြန႔္အလြန္ကိုလည္း ဂုဏ္ယူမိပါတယ္။
ဖိုလ္ဝင္ေတာင္နဲ႔ ေတာင္ေၾကာတစ္ဆက္တည္းျဖစ္ၿပီး အျခားေသာ ႏြားသိုးေတာင္ ၊ ဖန္ခါးေတာင္ ၊ လင္းႏို႔ ေတာင္ ၊ ေက်ာက္တစ္လုံးေတာင္တို႔ ႏွင့္လည္း တစ္ဆက္တည္း ရွိေနပါတယ္။
ေရွးေဟာင္း ေက်ာက္ထြင္း ေက်ာက္ေတာင္ႀကီးေတြ ဝန္းရံထားတဲ့ ေ႐ႊဘေတာင္ မွာ ထူးျခား မႈေတြ ရွိေနပါတယ္။ ျမန္မာတို႔ရဲ႕ ေစတီဘုရား ေတြဟာ ပုံမွန္ေတာ့ အုတ္ေတြ သဲေတြနဲ႔သာ တည္ထားကိုး ကြယ္ၾက ေသာ္လည္း ေ႐ႊဘေတာင္မွာ ရွိေနတဲ့ ဘုရားေတြကေတာ့ ေက်ာက္ေတြနဲ႔သာ ထြင္းထုထားပါတယ္။
ေက်ာက္သား နံရံ ေတြကို အဂၤေတ လုံးဝ မပါပဲ ျမန္မာမႈ လက္ရာ ေက်ာက္ပန္းတေမာ့ ႏွင့္ ေက်ာက္ လက္မႈ ပညာ စစ္စစ္ ေတြနဲ႔သာ ထြင္းထု ထားပါတယ္။
ေ႐ႊဘေတာင္ မွာ နာ မည္ ႀကီး ေက်ာက္ ေလွ ကား ႀကီး က ေတာ့ Instragram မွာ နာမည္ႀကီး ေနတာ ျဖစ္ၿပီး ေက်ာက္ နံရံကို ေက်ာက္ ေရအိုးစဥ္ အ ျဖစ္ အသက္ သြင္းထား မႈေတြ ၊ ေက်ာက္ေတာင္ႀကီးကိုေက်ာက္လႈိဏ္ဂူအျဖစ္ ေဆာက္လုပ္ထားၿပီးအတြင္း မွာ ေစတီမ်ား ဘုရားမ်ား တည္ထားပါသည္။
ေနာက္ထပ္ အထင္ကရ ေနရာ ကေတာ့ ေက်ာက္ဆင္႐ုပ္ႀကီးပါပဲ။ေက်ာက္ဆင္႐ုပ္ႀကီးဟာ ေက်ာက္တုံး အႀကီးႀကီးကို ထြင္းထုထားၿပီး ဆင္ႀကီးရဲ႕ အတြင္း ဂူထဲမွာေတာ့ ဘုရားမ်ားကို ပူေဇာ္ထားပါတယ္။
ေ႐ႊဘေတာင္ ဟူ၍ အမည္ နာမ တြင္ရျခင္း အေၾကာင္းအရင္းမွာေတာ့ ပုဂံ ေခတ္ အေလာင္းစည္သူမင္း လက္ထက္တြင္ ေက်ာက္ထြင္း အႏုပညာဆရာႀကီး သူေဌးမင္းႀကီး ဦးေ႐ႊဘမွ ထို ေက်ာက္ေတာင္ အႀကီးႀကီးတြင္
ေက်ာက္ နံရံမ်ား၊ ေက်ာက္ ႐ုပ္ထုမ်ား၊ ေက်ာက္ဂူမ်ား၊ ေက်ာက္ဘုရားမ်ားႏွင့္ ေက်ာက္ပန္းပုလက္ရာမ်ားကို ထြင္းထုၿပီး ေက်ာက္လူသြား လမ္း ေဖာက္လုပ္ ရာမွ ေ႐ႊဘေတာင္ ဟူ၍ အမည္ တြင္ရျခင္းပါ။
ေက်ာက္ထြင္းအႏုပညာရွင္ ဦးေ႐ႊဘႏွင့္တပည့္မ်ားမွ ထို ေက်ာက္ေတာင္ႀကီးကို ပုံေဖာ္ရာတြင္လည္း မည္သည့္ နည္းပညာမွ မပါဝင္ပဲ လက္ႏွင့္ေဆာက္ ကိုသာ သုံး၍ ေက်ာက္သားမ်ားကို ထြင္းထုခဲ့ၾကပါတယ္။
ထိုသို႔ ေက်ာက္သားမ်ားကို ထြင္းထုရာ တြင္ ဂဝံေျမသာကို အသုံး ျပဳခဲ့ၾက ပါတယ္ ။ ဂဝံေျမသား ဆိုသည္မွာ ေက်ာက္ေပ်ာ့ အမ်ိဳးအစားျဖစ္ၿပီး ေအးေသာ ဓာတ္ ရွိပါတယ္။ လိုသလို ပုံသြင္းႏိုင္ၿပီးေနာက္မွ အလိုလို မာသြားကာ ျဖတ္သုံး၍ ရေသာေက်ာက္ ျဖစ္ပါတယ္။
လူသြားလမ္းမ်ား၊ သာသနာေက်ာင္းေဆာင္မ်ား၊ ဘုရားမ်ားေစတီမ်ား၊ ေက်ာက္ပန္းပု႐ုပ္ အစုံ၊ ျမန္မာမႈလက္ရာမ်ားႏွင့္ ခမ္းနားေနတဲ့ ေ႐ႊဘေတာင္ မွာက ထိန္းသိမ္း ေစာင့္ေရွာက္မႈ မ်ား အားနည္းေနေသးတာကိုေတာ့ ေတြ႕ရပါတယ္။
ဥပမာ အေနနဲ႔ ေျပာရရင္ အေဆာက္အဦးေတြနား အမႈိက္ပြေနျခင္းေတြ၊ ေရွးေဟာင္းလက္ရာေက်ာင္းေဆာင္မ်ားအား ေခတ္လက္ရာေဆးမ်ား သုတ္ပစ္ျခင္းတို႔ ျဖစ္ပါတယ္။
စစ္ကိုင္းဘက္ကို ေရာက္ျဖစ္ခဲ့ ရင္ေတာ့ ေ႐ႊဘေတာင္ ကို ဝင္ၿပီး ျမန္မာေက်ာက္ပန္းပု လက္ရာေတြကို အဝေငးေမာရန္ ႏွလုံးသားထဲ ေတးမွတ္ ထားသင့္ပါတယ္။ ဓာတ္ပုံႏွင့္ မူရင္းေရးသား ေဖျပေပးသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။ ဗဟုသုတရေစရန္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
———–
ဘာနည်းပညာ အကူအညီ မှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်
နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား တည်ရှိ နေဆဲ ဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင် ကျောက်စေတီတွေ၊ ကျောက် လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ ရွှေဘတောင်
နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထား ရမယ့် ရွှေဘတောင် ရဲ့ တည်နေရာ က မုံရွာမြို့အနောက်ဘက် တစ်ဘက်ကမ်း စစ်ကိုင်းတိုင်၊ယင်းမာပင် ခရိုင်၊ ဆားလင်းကြီး မြို့နယ် အတွင်းမှာ တည်ရှိပြီး ဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေး ဖြစ်ပါတယ်။မုံရွာမြို့နဲ့ ၁၅ မိုင်ခန့်သာ ဝေးပါတယ်။
အံသြရ ပါပေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့ အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။
ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး အခြားသော နွားသိုးတောင် ၊ ဖန်ခါးတောင် ၊ လင်းနို့ တောင် ၊ ကျောက်တစ်လုံးတောင်တို့ နှင့်လည်း တစ်ဆက်တည်း ရှိနေပါတယ်။
ရှေးဟောင်း ကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင် မှာ ထူးခြား မှုတွေ ရှိနေပါတယ်။ မြန်မာတို့ရဲ့ စေတီဘုရား တွေဟာ ပုံမှန်တော့ အုတ်တွေ သဲတွေနဲ့သာ တည်ထားကိုး ကွယ်ကြ သော်လည်း ရွှေဘတောင်မှာ ရှိနေတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။
ကျောက်သား နံရံ တွေကို အင်္ဂတေ လုံးဝ မပါပဲ မြန်မာမှု လက်ရာ ကျောက်ပန်းတမော့ နှင့် ကျောက် လက်မှု ပညာ စစ်စစ် တွေနဲ့သာ ထွင်းထု ထားပါတယ်။
ရွှေဘတောင် မှာ နာ မည် ကြီး ကျောက် လှေ ကား ကြီး က တော့ Instragram မှာ နာမည်ကြီး နေတာ ဖြစ်ပြီး ကျောက် နံရံကို ကျောက် ရေအိုးစဉ် အ ဖြစ် အသက် သွင်းထား မှုတွေ ၊ ကျောက်တောင်ကြီးကိုကျောက်လှိုဏ်ဂူအဖြစ် ဆောက်လုပ်ထားပြီးအတွင်း မှာ စေတီများ ဘုရားများ တည်ထားပါသည်။
နောက်ထပ် အထင်ကရ နေရာ ကတော့ ကျောက်ဆင်ရုပ်ကြီးပါပဲ။ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံး အကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့ အတွင်း ဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။
ရွှေဘတောင် ဟူ၍ အမည် နာမ တွင်ရခြင်း အကြောင်းအရင်းမှာတော့ ပုဂံ ခေတ် အလောင်းစည်သူမင်း လက်ထက်တွင် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်းကြီး ဦးရွှေဘမှ ထို ကျောက်တောင် အကြီးကြီးတွင်
ကျောက် နံရံများ၊ ကျောက် ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွား လမ်း ဖောက်လုပ် ရာမှ ရွှေဘတောင် ဟူ၍ အမည် တွင်ရခြင်းပါ။
ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့်တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှ မပါဝင်ပဲ လက်နှင့်ဆောက် ကိုသာ သုံး၍ ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။
ထိုသို့ ကျောက်သားများကို ထွင်းထုရာ တွင် ဂဝံမြေသာကို အသုံး ပြုခဲ့ကြ ပါတယ် ။ ဂဝံမြေသား ဆိုသည်မှာ ကျောက်ပျော့ အမျိုးအစားဖြစ်ပြီး အေးသော ဓာတ် ရှိပါတယ်။ လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ ရသောကျောက် ဖြစ်ပါတယ်။
လူသွားလမ်းများ၊ သာသနာကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင် မှာက ထိန်းသိမ်း စောင့်ရှောက်မှု များ အားနည်းနေသေးတာကိုတော့ တွေ့ရပါတယ်။
ဥပမာ အနေနဲ့ ပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ ရှေးဟောင်းလက်ရာကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်။
စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ ရင်တော့ ရွှေဘတောင် ကို ဝင်ပြီး မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးမှတ် ထားသင့်ပါတယ်။ ဓာတ်ပုံနှင့် မူရင်းရေးသား ဖေပြပေးသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။ ဗဟုသုတရစေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Be the first to comment on "ဘာနည်းပညာ အကူအညီမှ မပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ သမိုင်းဝင် ရွှေဘတောင်"