အြန္လိုင္းေပၚမွာ လူေျပာမ်ားေနတဲ့ လူႏွစ္ေယာက္ဓာတ္ပုံ

ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ႏွစ္ေယာက္ေနာက္ကြယ္က အေၾကာင္းအရင္းဟာ လူတိုင္းရဲ႕ရင္ကိုထိေစလို႔ပါပဲ။ ပုံကိုၾကည့္မယ္ဆိုရင္ေတာ့ စိတ္မႏွံ႔တဲ့လမ္းေဘးကလူတစ္ေယာက္နဲ႔ ဓာတ္ပုံတြဲ႐ိုက္ထားတဲ့ ေကာင္မေလးေခ်ာေခ်ာေလးလို႔္ပဲ ျမင္မွာပါ။ တကယ္ေတာ့ သူတို႔ဟာ သားအဖေတြပါ။

အေမက ခေလးငယ္ငယ္နဲ ့ သားအဖႏွစ္ေယာက္ကို ထားသြားေတာ့ အေဖက အရက္သမားျဖစ္ၿပီး လမ္းမေပၚေရာက္သြားတယ္။ဒါနဲ ့သမီးက မိဘမဲ့ေဂဟာမွာ ႀကီးလာရတဲ့ အန္ခ်လာအသက္(၂၁) ႏွစ္ပါ။ ဒီႏွစ္သၾကၤန္မွာ စိတ္မႏွံ႔တဲ့ သူမအေဖကို လိုက္ရွာၿပီး မိဘစိတ္ခ်မ္းသာေအာင္အတူေနေပးေနတာျဖစ္တယ္လို႔ဆိုပါတယ္။

တခ်ိဳ ့သားသမီးေတြ အေဖခုလိုျဖစ္ေနရင္ လမ္းမွာေတြ႕ေတာင္ ေရွာင္ထြက္သြားၾကသူေတြရွိပာတယ္။မိဘကို သိတတ္တဲ့ သမီးတေယာက္မို ့ ဆိုရွယ္မီဒီယာေတြက ဂုဏ္ျပဳတဲ့အေနနဲ႔ ၀ိုင္းဝန္း မွ်ေဝၿပီး ခ်ီးက်ဴးခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ ဒီအျဖစ္အပ်က္ဟာ ထိုင္းမွာျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

———-

ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်နောက်ကွယ်က အကြောင်းအရင်းဟာ လူတိုင်းရဲ့ရင်ကိုထိစေလို့ပါပဲ။ ပုံကိုကြည့်မယ်ဆိုရင်တော့ စိတ်မနှံ့တဲ့လမ်းဘေးကလူတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ထားတဲ့ ကောင်မလေးချောချောလေးလို့်ပဲ မြင်မှာပါ။ တကယ်တော့ သူတို့ဟာ သားအဖတွေပါ။

အမေက ခလေးငယ်ငယ်နဲ့ သားအဖနှစ်ယောက်ကို ထားသွားတော့ အဖေက အရက်သမားဖြစ်ပြီး လမ်းမပေါ်ရောက်သွားတယ်။ဒါနဲ့သမီးက မိဘမဲ့ဂေဟာမှာ ကြီးလာရတဲ့ အန်ချလာအသက်(၂၁) နှစ်ပါ။ ဒီနှစ်သင်္ကြန်မှာ စိတ်မနှံ့တဲ့ သူမအဖေကို လိုက်ရှာပြီး မိဘစိတ်ချမ်းသာအောင်အတူနေပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။

တချို့သားသမီးတွေ အဖေခုလိုဖြစ်နေရင် လမ်းမှာတွေ့တောင် ရှောင်ထွက်သွားကြသူတွေရှိပာတယ်။မိဘကို သိတတ်တဲ့ သမီးတယောက်မို့ ဆိုရှယ်မီဒီယာတွေက ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်းဝန်း မျှဝေပြီး ချီးကျူးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

Be the first to comment on "အြန္လိုင္းေပၚမွာ လူေျပာမ်ားေနတဲ့ လူႏွစ္ေယာက္ဓာတ္ပုံ"

Leave a comment

Your email address will not be published.


*